Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၅ ဧပြီလ ၂၉ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအနီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ (ဓါတ်ပုံ - TNLA)

တအောင်းတပ် TNLA ထိန်းချုပ်ထားသာ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်ခမ်း ကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းကတစ်ဆင့် အဆိပ်ငွေ့ဗုံး ၁၁ လုံးနှင့် ကြဲချခဲ့ကြောင်း သိရသည်။

ထို့အပြင် နောင်ချိုမြို့နယ် တောင်ခမ်း ကျေးရွာအနီးကို လက်နက်ကြီး ၂၆ လုံးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ဧပြီလ ၂၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

TNLA ၏ တပ်မဟာ ၂ နယ်မြေရှိ စစ်ကောင်စီ၏ ၉၀၂ တပ်စခန်းအနီးတွင် ဧပြီလ ၂၉ ရက် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ စစ်ကောင်စီတပ်နှင့် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

တိုက်ပွဲဖြစ်ပွားနေအချိန်အတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ခဲ့သလို ၉၀၂ တပ်စခန်းနှင့် ၄၅၃ တပ်စခန်းများမှ နေ၍လည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် အပစ်ရပ်စဲရေးကာလကို ဧပြီလကုန်အထိ ထပ်မံတိုးထားသော်လည်း TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်အင်အားများ ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်များ ပြုလုပ်ခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို လေကြောင်းဖြင့် လာရောက်ဗုံးကြဲခြင်းများ လုပ်ဆောင်နေသည်ဟု သိရသည်။

ယင်းအပြင် ဧပြီလ ၂၄ ရက်နေ့က နောချိုမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အဆိပ်ငွေ့ဗုံး ၈ လုံးနှင့် ဗုံး ၂၇ လုံး ကြဲချ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ