Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်တပ် MNDAA၊ တအောင်းတပ် TNLA နှင့် အာရက္ခတပ်တော် AA တို့က အာဏာသိမ်း စစ်ကောင်စီတပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှု နောက်ထပ် ၁ လ သက်တမ်းတိုးလိုက်ကြောင်း ယနေ့ မေလ ၁ ရက်တွင် ထုတ်ပြန်သည်။

ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများရှင်းလင်းရေးနှင့် လူသားချင်း စာနာထောက်ထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့ အတွက် တစ်ဖက်သတ် အပစ်ရပ်ကာလအား သက်တမ်းထပ်တိုးလိုက်ရခြင်း ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုသည်။

မြန်မာပြည်အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ တစ်ဖက်သက် အပစ်ရပ်စဲမှု ၁ လကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့သည်။

ငလျင်ငယ်များ၏ နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့် မြန်မာနိုင်ငံအနှံ့အပြားရှိ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို လုပ်ဆောင်နေကြသည့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များသည် (၁) လတာ ကြာသည့်တိုင်အောင် ရှင်းလင်း ဖယ်ရှားရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့် ဆက်စပ်သောလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အချိန်ထပ်မံလိုအပ်နေမည်ဖြစ်သောကြောင့် ၂၀၂၅ ခုနှစ်၊ မေလ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တစ်ဖက်သတ် အပစ်ရပ်ကာလအား ထပ်မံ၍ နောက်ထပ် (၁) လ သက်တမ်းတိုးလိုက်ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်အား ထုတ်ပြန်ကြေညာလိုက်သည့်အချိန်မှစ၍ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံ့ပြန်မှုမျိုးမှလွဲ၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ