Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များ ရှမ်းပြည်နယ်မြောက်ပိုင်း တောအုပ်တစ်ခုတွင် စစ်ရေးလေ့ကျင့်နေသည်ကို ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

(တွေ့ဆုံမှု ရလဒ်မထွက်ဘဲ ပြီးဆုံးသွား)

နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ နမ့်ဆမ်၊ မန်တုံနှင့် မိုးကုတ်မြို့နယ်တို့မှ TNLA တပ်များ ပြန်လည် ဆုတ်ခွာရန် စစ်ကောင်စီတောင်းဆိုမှု တအာင်းတပ် TNLA က ပယ်ချလိုက်ပြီး နှစ်ဖက်ဆွေးနွေး ရပ်လိုက်သည်။

တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ဧပြီလ ၂၈ ရက်နေ့နှင့် ဧပြီလ ၂၉ ရက်နေ့တို့တွင် စစ်ကောင်စီ ကိုယ်စားလှယ်နှင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့သည်။

နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသော ဒေသများမှ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ် အတွင်းထိသို့ တအာင်းတပ်မတော် တပ်ဖွဲ့များအားလုံးကို ပြန်လည်ဆုတ်ခွာရန် စစ်ကောင်စီက တောင်းဆိုလာခြင်း ဖြစ်သည်။

အဆိုပါ တောင်းဆိုချက်ကို TNLA ကိုယ်စားလှယ်များက သဘောမတူနိုင်သဖြင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဘဲ နှစ်ဖက်အပစ် အခတ်ရပ်စဲနိုင်ရန်အတွက် လာမည့်ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်၊ မြောက်ပိုင်းရှိ အဆိုပါ မြို့နယ်များမှာ TNLA က သိမ်းပိုက်ထားသော မြို့နယ်များ ဖြစ်ပြီး ပြန်လည် ဆုတ်ခွာရန် စစ်ကောင်စီတောင်းဆိုမှု TNLA က ပယ်ချလိုက်ကြောင်း ယနေ့ သတင်း ထုတ်ပြန်သည်။

စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစသည့် ပစ်ခတ်တိုက်ခိုက်မှုများ အားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန် တရုတ်က ကြားဝင်ခြင်းဖြစ်သည်။

TNLA ကိုလည်း ကိုးကန့်တပ်ဖွဲ့ MNDAA ကဲ့သို့ တဆင့်တိုးအပစ်ခတ်ရပ်စဲရေးပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ကမကထ ပြုအလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုများ အလျင်အမြန်တိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ