Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အနေဖြင့် စစ်အာဏာရှင် အမြစ်ဖြတ်ရေးကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ဘုံရန်သူဖြစ်သည့် စစ်ကောင်စီ မပြုတ်ကျ မချင်း တိုက်ပွဲဝင်သွားမည်ဟု ပြောသည်။

မေလ ၄ ရက်နေ့က ပြုလုပ်သော သတင်းလင်းစာရှင်းလင်းပွဲတွင် TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး – ၂ ဗိုလ်မှူးကြီး တာပန်းလ က အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုသည်။

မဟာမိတ်များအနေဖြင့်လည်း နားလည်မှု လွဲမှားသည့်ကိစ္စနှင့် ပြဿနာ အသေးမွှားလေးများကို ဘေးဖယ်ထားပြီး ဘုံရပ်တည်ချက်ကိုပဲ ဦးတည်ထားမယ်ဆိုလျှင် ညီညွှတ်မှုများ အောင်မြင်မှုများ ရရှိမည်ကို ယုံကြည်ထားကြောင်း ဆိုသည်။

ယင်းအပြင် စစ်အာဏာရှင်အမြစ်ဖြတ်ရေးကို TNLA အနေဖြင့် ယခုချိန်မှ မလုပ်ဆောင်နိုင်လျှင် နောင်လာနာင်သားများ ဒုက္ခခံစားရလိမ့်မည်ဟု ဗိုလ်တာပန်းလက ပြောသည်။

“ကျွန်တော်အနနဲ့ မဟာမိတ်တွေကို ပြောချင်တာက အာဏာသိမ်းပြီးထဲက စလို့ ဖမ်းဆီးခံရတာ၊ အသတ်ဖြတ်ခံရတာတွေ၊ ထောင်ချခံရတာတွေ ခံစားခဲ့ရတယ်။ စိတ်ဆင်းရဲမှုတွေ ခံစားခဲ့ရတယ်။ အဲ့တော့ ဘုံရန်သူဖြစ်တဲ့ စကစ မပြုတ်ကျမချင်း မချုပ်ငြိမ်းမချင်း ဒီဒုက္ခတွေကို ဆက်လက်ခံစားရမှာ ဖြစ်တယ်။ ကျွန်တော်တို့ လက်ထက်မှာ မပြီးဘူးဆိုရင် နောက်နာင်မျိုးဆက်တွေ ဒီထက်မက ဒုက္ခခံရလိမ့်မယ်။ အဲ့ဒါကြောင့်မို့ ကျွန်တော်တို့ အချင်းချင်းကြား ဖြစ်ပျက်နေတဲ့ နားလည်မှုလွဲမှားတာတွေကို ခဏဘေးဖာ်ထားပြီ ဘုံရပ်တည်ချက်ကိုပဲ ဦးတည်ထားရင် ညီညွှတ်မှု အောင်မြင်မှုက ရကိုရမှာ ယုံကြည်ပါတယ်” ဟု ပြောသည်။

ယင်းအပြင် TNLA တပ်ကို တရုတ်က ခြိမ်းခြောက်မှုများ ပြုလုပ်နေပြီး တရုတ် နယ်စပ်တစ်လျောက်နှင့် ဂတ်စ်ပိုက်လိုင်းစီမံကိန်းများ၊ တရုတ်စီမံကိန်းများ၊ တရုတ်၏ ကိုယ်ကျိုးစီးပွား ရှိသောနေရာများတွင် တိုက်ပွဲမဖော်ဆောင်ရန် တရုတ်က ဖိအားပေးနေကြောင်း သိရသည်။

ဗိုလ်မှူးကြီး တားပန်လက “ဟုတ်ပါတယ်။ အားလုံးလည်း သိမှာပါ။ ပြီးခဲ့တဲ့နှစ်တုန်းက စာတွေပေးပို့ခံရတယ်။ ခြိမ်းခြောက်မှုတွေက ရှိပါတယ်။ ခြိမ်းခြောက်မှုဆိုတာထက် ဖိအားပေးမှုတွေလို့ပဲ ပြောရမှာပေါ့နော်။ နှုတ်နဲ့ရော၊ စာနဲ့ရော ဖိအားပေးမှုတွေရှိပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ အာဏာသိမ်း စစ်ကောင်စီနှင့် TNLA တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြသော်လည်း TNLA သိမ်းပိုက်ထားသော မြို့ ၅ မြို့ကို စစ်ကောင်စီက တောင်းသည့်အတွက် ဆွေးနွေးပွဲ မအောင်မြင်ဘဲ သိမ်းပိုက်ထားသော မြို့များကိုလည်း စစ်ကောင်စီထံ ပြန်ပေးရန် အစီစဉ်မရှိကြောင်း TNLA က ဆိုသည်။

ငလျင်အတွက် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က အပစ်အခတ်ရပ်စဲရေး ကြေညာထားပြီး ထိုးစစ်ဆင်မည်မဟုတ်ဘဲ ခုခံကာကွယ်စစ်ကိုသာ ဆောင်ရွက်မည်ဟု သိရသည်။

ပုံစာ- တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အား တွေ့ရစဉ်။

1 Comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ