Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - CNF/CNA ဦးဆောင်သော ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးထားသည့် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်နှစ်ဦး။ ချင်းညီနောင်အဖွဲ့၏ ထုတ်ပြန်ချက်အရ ၎င်းတို့နှစ်ဦးထဲမှ တစ်ဦးမှာ သတ်ဖြတ်ခံလိုက်ရကြောင်း သိရသည်။

(AA တပ်သားတစ်ဦး သေဆုံးမှုအပေါ် ချင်းညီနောင်နှင့် CNF တို့ တွေ့ဆုံဆွေးနွေးသွားမည်)

ချင်းအမျိုးသားတပ်ဦး CNF အကျဉ်းထောင်တွင် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခြင်းအပေါ် ချင်းညီနောင်အဖွဲ့နှင့် CNF တို့ကြား တွေ့ဆုံဆွေးနွေးသွားမည်ဟု CNF ပြောခွင့်ရ ဆလိုင်းထက်နီက Western News ကို ပြောသည်။

ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်အဖွဲ့ဘက်မှ ကူတိုက်ပေးသော အာရက္ခတပ်တော် AA အဖွဲ့ဝင်အချို့မှာ ချင်းအမျိုးသားတပ်ဦး CNF ထံ ဖမ်းဆီးခြင်း ခံလိုက်ရသည်။

ထိုအထဲက AA တပ်ဖွဲ့ဝင်တစ်ဦးမှာ CNF က နှိပ်စက်ညှင်းပန်းမှုကြောင့် အသက်သေဆုံးသည်အထိ ဖြစ်ခဲ့သည်ဟု ချင်းညီနောင်အဖွဲ့မှ CNF ကို စွပ်စွဲပြောဆိုထားသည်။

သို့သော် CNF တွင် စစ်သုံ့ပန်းများကို ညှင်းပမ်းနှိပ်စက်ခွင့်မရှိကြောင်းနှင့် AA တပ်ဖွဲ့ဝင်သေဆုံးမှုမှာလည်း ကျန်းမာရေးကြောင့်သာဖြစ်သည်ဟု CNF/CNA ကပြောရေးဆိုခွင့် ရှိသူဆလိုင်းထက်နီက တုန့်ပြန့်ထားသည်။

“သူတို့ စွပ်စွဲသလို မဟုတ်ဘူး၊ ကျန်းမာရေး အခြေအနေကြောင့် သေဆုံးသွားတာပါ၊ ဆရာဝန်တွေ ဆေးမှတ်တမ်းရှိပါတယ်၊ CNF က လွှတ်ပေးလိုက်တဲ့ AA တပ်ဖွဲ့ဝင် နှစ်ယောက်ကိုလည်း မေးမြန်းနိုင်တာပဲ။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းလုပ်ငန်းစဉ်တော့ ရှိပါတယ်” ဟု Western News ကို ပြောသည်။

မတူပီမြို့ရရှိရေး စစ်ကောင်စီတပ်ကို ချင်းညီနောင်နှင့် AA တို့ ပူးပေါင်းတိုက်ခိုက်နေချိန် CNF ဦးဆောင်သည့် ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များမှ လာရောက် တိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံလိုက်ရကြောင်း ချင်းညီနောင်အဖွဲ့က ဆိုသည်။

ချင်းပြည်အတွင်း စစ်ရေးဆောင်ရွက်မှုများနှင့် ပလက်ဝမြို့ကို သိမ်းထားကြောင့် အာရက္ခတပ်တော် AA ကို ချင်းအမျိုးသားတပ်ဦးနှင့် ချင်းလဲန်းကောင်စီတို့က ကန့်ကွက်ထားပြီး ချင်းပြည်နယ်ထဲက AA မည်သည့်အချိန်တွင် ထွက်ခွာမည်ကိုလည်း ချင်းလဲန်းကောင်စီ တာဝန်ရှိသူအချို့က မေးခွန်းထုတ်ထားကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ