Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Photo - CJ

(စစ်ရှောင် ၃ ဦးသေဆုံးခဲ့ရပြီး ၂ ဦးပြင်းထန်ဒဏ်ရာရ)

ရခိုင်ပြည် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယမန်နေ့ ဇွန်လ ၂၀ ရက် ညတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ယနေ့ ဇွန်လ ၂၁ ရက်နေ့ နေ့လယ်တွင်လည်း ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မေလအတွင်းက တိုက်ပွဲပြင်းထန်မှုကြောင့် ရွှေလှေတိုက်နယ်ကျေးရွာများက ပြည်သူသောင်းချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဇွန်လအစောပိုင်းကစ၍ တိုက်ပွဲငြိမ်သက်မှုကြောင့် ယင်းရွာသားများမှာ မိမိနေအိမ်သို့ ပြန်လည်ဝင်ရောက် နေထိုင်နေခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက ” ရွှေလှေအနီးတဝိုက်မှာက တိုက်ပွဲမရှိတာ ရက်အတော်ကြာပြီပေါ့နော်။ အဲဒါရွာသားတွေကလည်း ပြန်နေလာနေတာပေါ့။ ရွာသားတွေတောင်မကပဲ ဂေါ့ကျေးရွာ၊ ငပလီမြို့ထဲက ပြည်သူတွေလည်း ရွှေလှေဘက်တွေမှာ စစ်ရှောင်နေတာတွေလည်း ရှိတယ်။ ဟိုဘက်မှာ တိုက်ပွဲဖြစ်ရင် ဒီဘက်ကိုရွှေ့တယ်။ ဒီဘက်မှာ တိုက်ပွဲဖြစ်ရင် ဟိုဘက်ကိုရွှေ့တယ်။ ပြည်သူတွေက ဒီလိုစစ်ရှောင်နေကြတာ။ အဲဒါကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်၊ လေယာဉ်နဲ့ လာပြီးဗုံးကြဲတိုက်ခိုက် လုပ်နေတာ။ ” ဟု ပြောသည်။

ဇွန်လ ၂၀ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က သံတွဲမြို့ထဲ စစ်ကောင်စီတပ်ရင်း၊ အမြောက်ကုန်းများက ပစ်ခတ်သော လက်နက်ကြီးကြောင့် ရွှေလှေရွာက အပြစ်မဲ့အရပ်သား စစ်ရှောင် ၃ ဦးသေဆုံးသွားပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

သေဆုံးသူများမှာ အသက် ၈၈ နှစ်အရွယ် ဒေါ်ကြည်စိန်၊ အသက် ၅၄ နှစ်အရွယ် ဒေါ်စာသိန်း၊ အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်ရီနှင့် ဒဏ်ရာရရှိသူများမှာ အသက် ၁၇ နှစ်အရွယ် မောင်ထွန်းလင်းဇော်၊ အသက် ၇၀ အရွယ် ဒေါ်မငယ်တို့ ဖြစ်သည်။

ငပလီမြို့အနီး စစ်ကောင်စီတပ်ရင်းအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး AA က ငပလီမြို့ထဲရှိ ခမရ ၅၆၆ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းရသည်။

ဆက််စပ်သတင်းများ