Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် ကျောက်ဖြူမြို့တွင် ဆေးခန်း၊ ဆေးဆိုင်များ၌ ဆေးဝါးပစ္စည်းအချို့ရောင်းချခွင့်ကို စစ်ကောင်စီတပ်မှ တားဆီးပိတ်ပင်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီမှ ရောင်းချခွင့်ပိတ်ထားသည့် ဆေးဝါးပစ္စည်းများမှာ ဆေးဝါရည်၊ ဂွမ်း၊ ပတ်တီး၊ စပရိတ် စသည့် ပစ္စည်းများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆေးဆိုင်၊ ဆေးခန်းများသို့ လာရောက်ပြောဆိုထားခြင်းဖြစ်သည်ဟု ဆေးဆိုင်ရောင်းချနေသူတစ်ဦးက ပြောသည်။

“အဓိက ထိခိုက်ဒဏ်ရာရတဲ့ နေရာတွေမှာ သုံးတဲ့ဆေးဝါးပစ္စည်းတွေ ပေါ့နော်။ ဂွမ်းတို့၊ ပတ်တီးလိပ်တို့၊ စပရိတ်လို အရာမျိုးတို့ပေါ့။ အဲ့တာတွေကို မရောင်းချရဘူးဆိုပြီး သူတို့တွေကိုယ်တိုင်လာပြောကြတာရှိတယ်။ ဘာကြောင့် မရောင်းချရတာလဲတော့ မသိဘူး” ဟု ပြောသည်။

ဆေးဆိုင်ဆေးခန်းများတွင် အဆိုပါ ဆေးဝါးပစ္စည်းများရောင်းချ၍ တွေ့ရှိပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားပြီး မြို့နယ်တွင်း ဆေးဝါးသယ်ဆောင်ခွင့်ကို တင်းကျပ်စွာပိတ်ဆို့ထားသည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဆိုသည်။

“သူတို့ ကန့်သတ်ထားတဲ့ ဆေးတွေ ရှိမရှိ ဆေးဆိုင်၊ ဆေးခန်းတွေကို လာစစ်ကြတယ်။ တွေ့ရင် သူတို့ယူသွားတယ်။ အခုဆေးဝါးနဲ့ပတ်သက်ပြီး တော်တော်အခက်ခဲဖြစ်နေကြတယ်။ လူနာတစ်ယောက်အနေနဲ့ သောက်နေကျ ဆေးလေးဝယ်လာရင်တောင် ဆေးပါရင်ဂိတ်ဖြတ်ခွင့် မပေးတော့ဘူး။ ဆေးဝါးနဲ့ ပတ်သက်ရင် အရမ်းတင်းကျပ်ထားတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့ကဲ့သို့ တစ်ခြားမြို့နယ်များတွင်လည်း ဆေးဝါးသယ်ယူခွင့် ကန့်သတ်ခံထားရပြီး ၂၀၂၃ နှစ်ဖက်တိုက်ပွဲများ စတင်လာချိန်မှစ၍ ဆေးဝါးပစ္စည်းအချို့ရောင်းချခွင့်ကိုပါ စစ်ကောင်စီက ထပ်မံပိတ်ပင်လာခြင်းဖြစ်သည်။

ထိုသို့ ကန့်သတ်ချက်များနှင့် ဆေးဝါးသယ်ယူခွင့်ကို ပိုတင်းကျပ် ပိတ်ပင်ထားခြင်းများကြောင့် ကျောက်ဖြူမြို့နယ်ရှိ ပုံမှန်ဆေးဝါးမှီဝဲနေရသည့် လူနာများမှာ အသက်အန္တရာယ် ထိခိုက်နိုင်သည့်အထိ ဆိုးရွားလျှက်ရှိနေကြကြောင်း သိရသည်။

ဆက််စပ်သတင်းများ