Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နှင့် နောင်ချိုမြို့တို့ရှိ စစ်ကောင်စီတပ်စခန်း ၄ နေရာ ထက်မနည်းကို ဇွန် ၂၅ နံနက်တွင် တအာင်းတပ် TNLA တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲများဖြစ်ပွားများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်လိုက်ပြီး သတင်းထုတ်ပြန်ရာတွင် ၁၀၂၇ စစ်ဆင်ရေးအဆက်အဖြစ် TNLA က ယနေ့တွင် တရားဝင် ကြေညာသည်။

နောင်ချိုမြိုနယ် ကျောက်ကြမ်းရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၄ ကြဲချခဲ့ကြောင်း ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်းတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ဒေါ်နန်းကြည်တောင်အနီးတွင် TNLA နှင့် စစ်ကောင်စီတပ်များအကြား ပစ်ခတ်မှုဖြစ်နေပြီး မိုးကုတ်-မိုးမိတ် လမ်းကြောင်းရှိ သရက်ချောင်းတံတားမှာ မိုင်းခွဲခံရပြီး ကျိုးကျသွားကြောင်း သိရှိရသည်။

အလားတူ လားရှိး-သီပေါအကြားဆွတ်လန်းရွာ တံတားဖြူတံတားမှာလည်း မိုင်းခွဲခံရကြောင်း၊ ကျောက်မဲ-သီပေါကြား ကျင်သီတံတား ပိတ်ထားရကြောင်း ဒေသခံများက ပြောဆိုသည်။

တရုတ်နိုင်ငံက ကြားဝင်ထားသော်လည်း စစ်ကောင်စီတွင် အာဏာရှင် စရိုက်ရှိနေသည့်အတွက် ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီချက်သည် စိန်ခေါ်မှုများစွာရှိနေကြောင်း TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာနေ၍ ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီချက် ကျိုးပေါက်ပြီးအချိန်မရွေး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနိုင်ကြောင်း TNLAမှ သတိပေးထားသည်။

ဆက််စပ်သတင်းများ