ရှမ်းပြည် မြောက်ပိုင်း တအောင်းဒေသ ကျောက်မဲမြို့နယ်ကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ အရပ်သားပြည်သူ ၄ ဦးသေဆုံးခဲ့ရပြီး ၁၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း TNLA က ထုတ်ပြန်ထားသည်။
ယမန်နေ့ ဇွန်လ ၂၆ ရက်တွင် နေ့လယ် တစ်ကြိမ်၊ ညနေ နှစ်ကြိမ် ဂျက်ဖိုက်တာဖြင့် ကျောက်မဲမြို့ ရပ်ကွက် ၂၊ ရပ်ကွက် ၇ နှင့် ရှု့ခင်းသားကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားများ သေဆုံး ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
ဇွန်လ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်ရှိ အောင်မြေသာယာဘုန်တော်ကြီးကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းထိခိုက် ပျက်စီးခဲ့သည်။
တအာင်းတပ်မတော် PSLF/TNLA နှင့် စစ်ကောက်စီတပ်တို့ တိုပ်ပွဲဖြစ်ပွားမှုကြောင့် နောင်ချို၊ ကျောက်မဲနှင့် မိုးကုတ်မြို့နယ်ရှိ ဒေသခံ ထောင်ကျော်စစ်ဘေးရှောင်နေရသည်။
တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါစသည့်မြို့နယ်များတွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တိုက်ပွဲဖော်ဆောင်ရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ စစ်ကောင်စီတပ်စခန်း (၂၄) ခု တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်း အများအပြားနှင့် စစ်သုံ့ပန်း (၁၇) ဦး ဖမ်းဆီးရမိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။