Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ချင်းပြည်နယ် မတူပီမြို့က စစ်ကောင်စီထံမှ ချင်းညီနောင်မဟာမိတ် သိမ်းဆည်းရမိသော လက်နက်ခဲယမ်များ။

ချင်းပြည်နယ် မတူပီမြို့က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများနှင့် ဗျူဟာကုန်းများကို ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက အလုံးတိုက်ခိုက်သိမ်းပိုက်နိုင်ပြီဟု ယမန်နေ့ ဇွန်လ ၂၉ ရက်တွင် ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်ရေး ချင်းညီနောင်တပ်ဖွဲ့က AA ပါဝင်သော မဟာမိတ်တပ်ဖွဲ့များဖြင့် CB စစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် အစောပိုင်းက စတင်ခဲ့ကြသည်။

လက်ရှိတွင် မတူပီမြို့က စစ်ကောင်စီတပ်ရင်းများအားလုံးကို တိုက်ခိုက်နိုင်ခဲ့ပြီး ချင်းညီနောင်တပ်ဖွဲ့များ၊ မဟာမိတ်ဖြစ်သော AA ၊ ယောတပ် YA နှင့် ယောကာကွယ်ရေးတပ် YDF တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၇ ရက်က မတူပီမြို့ရှိ စစ်ကောင်စီ ခမရ ၃၀၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့က ချင်းပြည်တောင်ပိုင်း အကြီးဆုံးဖြစ်သော စစ်ဗျူဟာနှင့် ခလရ ၁၄၀ တပ်ရင်းတို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မတူပီမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးကို ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့များက ပြုလုပ်နေပြီး ချင်းပြည်နယ်အတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ရင်းများ၊ တပ်စခန်းများနှင့် ဗျူဟာကုန်းများကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်သွားမည်ဟု သိရသည်။

AA အပါအဝင် မဟာမိတ်တပ်ဖွဲ့များနှင့် ချင်းညီနောင်တပ်ဖွဲ့များမှာ စစ်ရေးပူးပေါင်းဆောင်ရွက်ရေး ဆက်လက်ရှိနေမည်ဖြစ်ပြီး ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်ရေးကို အတူပူးပေါင်းဆောင်ရွက်ကြမည်ဟု သိရသည်။

မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းတပ် CNA ဦးဆောင်သော ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် ချင်းညီနောင်မဟာမိတ်တပ်တို့ ချင်းလက်နက်ကိုင်အချင်းချင်းကြား သဘောထားကွဲလွဲကာ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြပြီး လက်ရှိတွင်လည်း တင်းမာမှုရှိနေဆဲဖြစ်ကြောင်း သိရသည်။

ဆက််စပ်သတင်းများ