Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(အမ်းက တောဟိန်းတောင်ဗျူဟာကိုလည်း AA သိမ်းပိုက်)

အပြင်းအထန် ထိုးစစ်ဆင်တိုက်ခဲ့သော သံတွဲမြို့နယ်တွင် သံတွဲလေဆိပ် (မဇင်လေဆိပ်) နှင့်အနီးရှိ ခမရ ၅၆၆ တပ်ရင်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီဟု သိရသည်။

သံတွဲ ငပလီမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၆၆ တပ်ရင်းကို ဇွန်လ ၂၇ ရက်နေ့က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်းနှင့် သံတွဲလေဆိပ်ကို ဇူလိုင်လ ၅ ရက်က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု AA က ယနေ့တွင် ထုတ်ပြန်ထားသည်။

သံတွဲမြို့နယ်တွင် ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ခလရ ၅၅ နှင့် အခြားသောတပ်ရင်း၊ တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်နေပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီ တပ်သားများကိုလည်း လိုက်လံချေမုန်းတိုက်ခိုက်နေကြောင်း AA က ဆိုသည်။

အမ်းမြို့နယ်က စစ်ကောင်စီ နပခ ၏ အဓိက ခံတပ်တစ်ခုဖြစ်သော တောဟိန်းတောင်ဗျူဟာကုန်းကို ဇွန်လ ၂၃ ရက်နေ့တွင် အပြီးသတ်သိမ်းလိုက်ပြီဟု AA က ထုတ်ပြန်ထားသည်။

မောင်တောမြို့နယ်က နခခ ၂ နယ်ခြားစောင့်တပ်စခန်းကိုလည်း ဇူလိုင်လ ၆ ရက်နေ့ နေ့လယ် ၂ နာရီခန့်က သိမ်းပိုက်ရရှိခဲ့သည်။

ဆက််စပ်သတင်းများ