Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရှမ်းမြောက် တအောင်းဒေသ လားရှိုးမြို့ ရပ်ကွက် ၉ ကို စစ်ကောင်စီ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း TNLA က ထုတ်ပြန်ထားသည်။

ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့ပေါ်ရပ်ကွက်များကို စစ်ကောင်စီတပ်က လက်နက်ကြီး အများအပြား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

လက်နက်ကြီးကျည်ကြောင့် ကလေးငယ် တစ်ဦးအပါအဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ၁၀ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

အလားတူ မိုးမိတ်မြို့ အရှေ့ဘက် မင်းတံတားတွင် စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

စစ်ကောင်စီ လက်နက်ကြီးကျည်ကြောင့် လားရှိုးမြို့နှင့် မိုးမိတ်မြို့က နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားသည်။

တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ဇွန်လ ၂၅ ရက်မှ ယနေ့ ဇူလိုင်လ ၁၀ ရက်အထိ စစ်ကောင်စီ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် အပြစ်မဲ့ အရပ်သား ၅၄ ဦးသေဆုံးခဲ့ရပြီး ၈၂ ဦးအထိ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

အရပ်သားပြည်သူများ၏ နေအိမ်များမှာလည်း ၉၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း တအောင်းတပ် TNLA က ထုတ်ပြန်ထားသည်။

ဆက််စပ်သတင်းများ