Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - CNA တပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ဒီဇင်ဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - Chinland Information Center)

ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်များ သိမ်းပိုက်ထားသော မတူပီမြို့နယ်က ချင်းအမျိုးသားတပ်မတော် CNA အနေဖြင့် တပ်ပြန်ဆုတ်ပေးရန် ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများက တောင်းဆိုလိုက်သည်။

ချင်းညီနောင်တပ်ဖွဲ့နှင့် CNA တို့ မတူပီမြို့နယ်အတွင်း စစ်ရေးတင်းမာနေရခြင်းမှာ ချင်းညီနောင်တပ်ဖွဲ့၏ မဟာမိတ်တပ်များကို CNA မှ နောက်ကွယ်က စတင်ပစ်ခတ်၍ ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

CNA ဦးဆောင်သော တပ်ဖွဲ့များအနေဖြင့် လက်ရှိပဋိပက္ခအား ပြီးဆုံးစေရန်ဆန္ဒရှိပါက တပ်ဖွဲ့ဝင်များ ပစ်ခတ်နေခြင်းကို ချက်ချင်းရပ်တန့်ရန် လိုအပ်သည်ဟု ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများက ယမန်နေ့ ဇူလိုင်လ ၁၀ ရက်တွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။

မတူပီမြို့ကို ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်များက သိမ်းထားခြင်းဖြစ်ပြီး CNA အနေဖြင့် မိမိတပ်ရင်းများသို့ ပြန်လည်ဆုတ်ခွာရန် လိုအပ်သလို CNA ပစ်ခတ်တိုက်ခိုက်မှုမရှိပါက နေရပ်စွန့်ခွာနေရသော ပြည်သူများအနေဖြင့် မြို့ထဲ ပြန်လည်ဝင်ရောက်နိုင်မည်ဟု သိရသည်။

လက်ရှိတွင် CNA ပူးပေါင်းတပ်ဖွဲ့က ချင်းညီနောင်တပ်ဖွဲ့များကို ဆက်လက်ပစ်ခတ်တိုက်ခိုက်နေ၍ မတူပီမြို့သူမြို့သားများမှာ မြို့ထဲ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိဘဲ ဆက်သွယ်ရေးလမ်းကြောင်းများအားလုံး ပိတ်ဆို့ခံထားရသည်။

စစ်ကောင်စီလက်ထဲမှ မတူပီမြို့ကို ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များက သိမ်းပိုက်ရယူခဲ့သည့်အတွက် ချင်းပြည်သူများက အားပေးထောက်ခံလျှက်ရှိကြောင်း ပြောဆိုထားသည်။

CNA/CNF အပါအဝင် ချင်းမျိုးနွယ်စုများနှင့် မတူမျိုးနွယ်စုတို့ကြား သမိုင်းတစ်လျှောက် ရန်ငြိုးရန်စ မရှိသည်သာမက ချင်းညီအစ်ကိုများဖြစ်ကြသည့်အတွက် ချင်းညီကိုအချင်းချင်း သတ်ဖြတ်သည့်ပွဲမှ အမြန်ဆုံးဆုတ်ခွာပေးကြရန် CNA ကို ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများက ထုတ်ပြန် တိုက်တွန်းထားကြသည်။

ဆက််စပ်သတင်းများ