Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(စာသင်ကျောင်းနှင့် နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီး)

ရှမ်းမြောက် တအောင်းဒေသ လားရှိုးမြို့ကို အာဏာသိမ်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး ယနေ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့ရကြောင်း TNLA က ထုတ်ပြန်ထားသည်။

ယနေ့ ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းက စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီး လားရှိုးမြို့ ရပ်ကွက် ၁၊ ရပ်ကွက် ၈၊ ရပ်ကွက် ၁၀ သို့ ကျရောက်ပေါက်ကွဲခဲ့၍ အပြစ်မဲ့ အရပ်သား ၄ ဦးသေဆုံးခဲ့ရသည်။

ရပ်ကွက် ၈ က နေအိမ်တစ်လုံးသို့ စစ်ကောင်စီ လက်နက်ကြီး တစ်လုံးကျရောက်ခဲ့၍ ထိခိုက်ပျက်စီးခဲ့သလို ရပ်ကွက် ၁၀ ထင်းရှုးမြိုင်အိမ်ယာအနီးတစ်ဝိုက်ကိုလည်း လက်နက်ကြီး ၅ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့သည်။

မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက်သို့ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားပြည်သူ မထိခိုက်သော်လည်း နေအိမ် ၅ လုံး ထိခိုက်ပျက်စီးသွားသည်။

အလားတူ ယနေ့ နံနက် အစောပိုင်းက ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသည့် သိန္နိမြို့တွင် စစ်ကောင်စီက ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့၍ အမှတ် ၁ အထက်တန်းကျောင်း၊ ပညာရေးမှူးရုံးနှင့် မူလတန်းကျောင်း ထိခိုက်ပျက်စီးခဲ့သည်။

တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲ ၁၈ ရက်တာကာလအတွင်း စစ်ကောင်စီမှ အရပ်သားများအားဦးတည်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၅၈ ဦး သေဆုံးပြီး ၈၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်သားနေအိမ် ၁၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ဆက််စပ်သတင်းများ