Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ယခင်လများက ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများအားတွေ့ရစဉ်။

အာရက္ခတပ်တော် AA ထိုးစစ်ကြောင့် စက်လှေနှစ်စီးဖြင့် ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဖက်က လက်မခံ၍ မောင်တော နတ်မြစ်တွင်း၌ မျောနေကြောင်း သိရသည်။

မောင်တောမြို့အား အလုံးစုံသိမ်းပိုက်နိုင်ရန် AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ စစ်ကောင်စီတပ်သား ၁၀၀ ကျော်မှာ စက်လှေနှစ်စီးဖြင့် ဘင်္ဂလားဒေ့ရှ်ဖက် ဝင်ရောက်ရန် ဇူလိုင်လ ၁၄ ရက်နေ့က ကြိမ်းပမ်းခဲ့သည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGP က တားဆီးပိတ်ပင်မှုကြောင့် မောင်တောမြို့သို့လည်း မလာရဲဘဲ နတ်မြစ်အတွင်း သောင်တင်မျောနေခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြကြသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၁၀၀ ကျော်မှာ မည်ကဲ့သို့ ဖြစ်ပျက်နေကြသည်ကို နောက်ဆုံးသတင်းအချက်အလက် ဘင်္ဂလားဒေ့ရှ်ဖက်ကလည်း ထုတ်ဖော်မပြောသလို စစ်ကောင်စီဖက်ကလည်း တုန့်ပြန်မှုများ မတွေ့ရသေးပေ။

စစ်ကောင်စီတပ်သားများမှာ လက်နက်အပြည့်အစုံဖြင့် ဘင်္ဂလားဒေ့ရှ်ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ကျူးကျော်ဝင်ရောက် ကြိုးပမ်းမှုကြောင့် BGP တပ်က ဟန့်တားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိတစ်ဦးက ပြောဆိုထားသည်။

အာရက္ခတပ်တော် AA ၏ ထိုးစစ်များကြောင့် ဘူးသီးတောင်၊ မောင်တောဒေက စစ်ကောင်စီတပ်သားများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက် ခိုလှုံလျှက်ရှိနေကြသည်။

ယင်းကဲ့သို့ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများမှာ ယခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦး၊ ဧပြီလတွင် မြန်မာစစ်သားနှင့် နယ်ခြားစောင့်ရဲ ၂၈၈ ဦး၊ ယခု ဇွန်လအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးရှိ၍ ၎င်းတို့အားလုံးကို ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဆက််စပ်သတင်းများ