Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တကျော့ပြန်စစ်ဆင်ရေး တအောင်းဒေသမှာ သေဆုံးသူ ၁၀၉ ဦးအထိရှိလာ
ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၄ ရက် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း တအောင်းဒေသ တကျော့ပြန် စစ်ဆင်ရေးတိုက်ပွဲအတွင်း စစ်ကောင်စီကြောင့် အရပ်သားသေဆုံးသူ ၁၀၉ ဦးအထိရှိလာပြီး ၁၃၆ ဦးအထိ ဒဏ်ရာရရှိထားကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့သည့် ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၂၂ ရက်နေ့အထိ တိုက်ပွဲ ၂၈ ရက်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားရခြင်းဖြစ်သည်ဟု TNLA က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၄ ရက်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာ နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်မှ စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာသောကြောင့် ကျောက်မဲနှင့် မိုးကုတ်အရှေ့ပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း TNLA က ဆိုသည်။

ဆက််စပ်သတင်းများ