Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(စစ်ကောင်စီကို ပြန်လည် တိုက်ထုတ်ရန် မဟာမိတ်တပ်ဖွဲ့တွင် ပါဝင်လိုကြောင်း လက်နက်ချ စစ်သားများက ပြောဆို)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များမှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး တို့ ဦးဆောင်၍ စုစုပေါင်း တပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAA ထံတွင် လက်နက်ချ အလင်းဝင်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး တစ်ဦးက ဗိုလ်မှူး ၂ ဦးကို ခေါ်ဆောင်၍ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သားများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၃၁၇ ဦးမှာ MNDAA တပ်သို့ လက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရသည်။

မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်အား တိုက်ထုတ်ရန် မဟာမိတ်တပ်ဖွဲ့တွင် ပါဝင်လိုကြောင်းလည်း လက်နက်ချအလင်းဝင်သူများက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

MNDAA နိုင်ငံရေးဌာန၏ ရှေ့တန်းလုပ်ငန်းအဖွဲ့မှ လက်နက်ချ အလင်းဝင်လာသူတို့အား လက်ခံခဲ့ကြောင်းနှင့် တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်လိုသည့်ဆန္ဒကို ကြိုဆိုခဲ့ပြီး လူတိုင်း၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို အာမခံချက်ပေးထားကြောင်း ဆိုသည်။

MNDAA တပ်ဖွဲ့၏ မူဝါဒအရ စစ်သုံ့ပန်းများအတွက် ဦးစားပေးကုသရေး မူဝါဒအရ လက်နက်ချသော ဝန်ထမ်းများအတွက် အခြေခံအသက်မွေးဝမ်းကြောင်း လုံခြုံမှုကိုသာမက ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဖျားနာသော ဝန်ထမ်းများအား အချိန်မီ ဆေးဝါးကုသမှု ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် တပ်ဖွဲ့ဝင်များထံ လက်နက်ချအလင်းဝင်သူတို့ကို လက်ခံချိန် MNDAA တပ်ဖွဲ့က သေနတ်နှင့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဆက််စပ်သတင်းများ