Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မိုးကုတ်မြို့နယ်က စစ်ကောင်စီ၏ လပခ၊ ခလရ (၇၈၊ ၈၈၊ ၁၄၈) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၂၄ ရက်နေ့တွင် တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး သီတင်းပတ် (၄) ပတ်ကြာ တိုက်ခိုက်ခဲ့ရသည်။

မိုးကုတ်အနောက်ပိုင်းရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြသည့် ရွှေမျက်၀န်း၊ အေးစေတီးကုန်း၊ အာကာမိုး၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း တပ်စခန်းများကို ဇွန်လ ၃၀ ရက်နေ့တွင် ရှင်းလင်းသိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

ထို့နောက် မိုးကုတ်အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် မန်တိုင်(၅)တပ်၊ ငရမ်းအင်စခန်း၊ ရေကန်တောင်စခန်း၊ တာ၀ါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ပန်းမထိပ်ရွာ၊ အကျဉ်းထောင်နှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း TNLA က ဆိုသည်။

မိုးကုတ်မြို့သည် စစ်ကောင်စီ လပခ လက်အောက်ခံ တပ်ဖြစ်သည့် ခလရ-၇၈၊ ၈၈ နှင့် ခလရ-၁၄၈ တို့ လာရောက်ထိုးစစ်ဆင်စခန်းချသည့် မြို့လည်းဖြစ်သည်။

စစ်ကောင်စီ မိုးကုတ်တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၂၁) ကြိမ်၊ Y12 လေယာဥ် (၉)ကြိမ်၊ လက်နက်ကြီးဖြင့် (၇၈) ကြိမ်နှင့် အတွဲလိုက်ဒုံး (၁၈) လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ (၇၃) လက်၊ 120 MM (၂) လက်၊ 60 MM (၁၁) လက်၊ 81 MM (1) လက်၊ ငဂျင်းမီး (၃) လက်၊ ပွိူင်းဖိုက် (၁)လက်၊ RPG (၂)လက်၊ ဂျမ်းပါ (၁)စုံ၊ တွဲလိုက်ဒုံး(၄လုံးတွဲ) (၁)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများ၊ စစ်သုံးဆောင်ပစ္စည်းများနှင့် စစ်သုံ့ပန်း ၃၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

မိုးကုတ်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် အရပ်သား ၃၁ ဦးသေဆုံးပြီး ၅၉ ဦး ပြင်းထန်ဒဏ်ရာရကာ လူနေအိမ် ၂၉ လုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ဆက််စပ်သတင်းများ