Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့တွင် ကျရောက်ခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၅၁ နစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား။

ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၅၂ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ပျက်သုန်းသွားပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့သည် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ထောင်နေ့ဖြစ်ပြီး ရမခ သည် မြန်မာစစ်တပ်သမိုင်းတွင် အစဉ်အလာကြီးမားသော စစ်တိုင်းဖြစ်ကြောင်း သိရသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) များ၏ ကျူးကျော်စစ်များကို အကြိမ်ကြိမ် ရိုက်ချိုးခဲ့ကြောင်းနှင့် စစ်ဘုရင်၊ ဘိန်းဘုရင်များကို ရှင်းလင်းနိုင်ခဲ့သည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

သို့သော်လည်း မြန်မာစစ်တပ်အတွက် အစဉ်အလာကြီးမားပြီး ဂုဏ်ယူခဲ့ရသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ် MNDAA က ဇူလိုင်လ ၂၅ ရက် နံနက် ၄ နာရီတွင် အပြီးသတ် သိမ်းပိုက်ခဲ့သည်။

ထိုသို့ ရမခ ကို ကိုးကန့်တပ်က သိမ်းပိုက်ပြီးနောက် လားရှိုးမြို့လည်း လွတ်မြောက်သွားပြီး စစ်ကောင်စီအတွက် စစ်တိုင်းဌာနချုပ် ၁၄ ခုထဲက တစ်ခုကို ဆုံးရှုံးလက်လွှတ်လိုက်ရခြင်းဖြစ်သည်။

လက်ရှိတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ပျောက်ကွယ်သွားပြီဖြစ်၍ စစ်ကောင်စီ၏ ရမခ တည်ထောင်နေ့ နှစ်ပတ်လည်အခမ်းအနားလည်း ရှိတော့မည် မဟုတ်ကြောင်း သိရသည်။

ဆက််စပ်သတင်းများ