Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(ဓါတ်ပုံသတင်း)

တောင်ပိုင်းစစ်ဒေသတွင် SOF တပ်ဖွဲ့၏ အပတ်စဥ် ၆ အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့ တည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် အလံတော်နှင့် ကျဆုံးရဲဘော်များကို အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန J2C အဖွဲ့ဝင်လူကြီးများနှင့် တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးရဲဘော်စောရှားမှ သင်တန်းဆင်း ဂုဏ်ပြုစကားများပြောကြားခဲ့ကြောင်း သိရသည်။

SOF တပ်ဖွဲ့သည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ ခုခံတွန်းလှန်စစ် စတင်သည့်အချိန်မှစ၍ မြို့ပြနှင့် ကျေးလက်စစ်ဆင်ရေးများစွာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။

မင်းအောင်လှိုင်၏ စစ်မှုမထမ်းမနေရ စစ်သားစုဆောင်းခြင်းနှင့် အာဏာရှင် လက်အောက် စစ်မှုမထမ်းလိုသော လူငယ်လူရွယ်များ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးအတွက် အတူတကွ တော်လှန်တိုက်ပွဲဝင်လိုသော လူငယ်လူရွယ်များကို တပ်ဖွဲ့မှ နွေးထွေးစွာ လက်ခံကြိုဆိုလျှက်ရှိကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ – SOF က အသိပေး ပြောဆိုထားသည်။

Western News-WN

ဆက််စပ်သတင်းများ