Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

တော်လှန်ရေးကို အနှောက်အယှက်ဖြစ်စေ၍ ချင်းပြည်နယ် ဟားခါးမြို့မှာ ခွေးမွေးခွင့်မရှိကြောင်းနှင့် မည်သူမဆို အိမ်ပြင်ထွက်သော ခွေးများကို သတ်ခွင့်ရှိသည်ဟု ဇူလိုင်လ ၃၀ ရက်တွင် CDF ဟားခါးက ထုတ်ပြန်ထားသည်။

ဟားခါးမြို့လူထုအနေဖြင့် အိမ်မွေးခွေးများကို ယနေ့ ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး ရောင်းချကြရန်နှင့် မရောင်းချနိုင်ပါက သတ်ပစ်ရမည်ဟု CDF ဟားခါးက သတိပေးသည်။

” သင့်ခွေးဟောင်နေပါက အကြမ်းဖက်သမားက သင့်အိမ်ကို မတော်တဆ ဖောက်ခွဲပစ်ခြင်း သို့မဟုတ် ပစ်သတ်ခြင်းဖြစ်နိုင်ပြီး ထိုသို့ဖြစ်လာပါက သင့်အိမ်နီးနားချင်းများနှင့် သင့်ခွေးကြောင့် ဒုက္ခရောက်မည်ဖြစ်သည်။ မင်းရဲ့ခွေးကြောင့် တော်လှန်သူတွေ ဒုက္ခရောက်နိုင်တယ်။ ” ဟု ထုတ်ပြန်ထားသည်။

တော်လှန်ရေးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို နှောက်ယှက်နေ၍ ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရန် CDF ဟားခါးက တိုက်တွန်းနေသည်။

” ဒီအတွက် မင်းတာဝန်မယူနိုင်ဘူး၊ ဒါကြောင့် မင်းရဲ့ခွေးကို ဘေးကင်းအောင်ထားပါ။ စစ်အုပ်ချုပ်ရေးမှ လွတ်မြောက်ရေးနေ့ နီးကပ်လာသည်နှင့်အမျှ ကျွန်ုပ်တို့သည် ၂၀၂၄ ခုနှစ်တွင် အောင်ပွဲအတွက် အနစ်နာခံဆုတောင်းရန် မမေ့ပါနှင့်။ အားလုံးပူးပေါင်းဆောင်ရွက်ရင် အနိုင်ရမှာပါ။ ” ဟု ပြောသည်။

ယခုထုတ်ပြန်ပါ ညွှန်ကြားချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ခွေးကြောင့် တော်လှန်ရေးအနှောက်အယှက်ဖြစ်ပါက အိမ်ပိုင်ရှင်အား ထိထိရောက်ရောက် အရေးယူဆောင်ရွက်မည်ဟု CDF ဟားခါးက အသိပေး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ