Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း တအာင်းတပ် TNLA က နောင်ချိုမြို့နှင့် မိုးကုတ်မြို့တို့ကိုလည်း သိမ်းပိုက်ထားသည်။

ရှမ်းမြောက် တအောင်းဒေသရှိ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီထံမှ အလုံးစုံ သိမ်းပိုက်ရရှိပြီးနောက် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို တအောင်းတပ် TNLA က ယနေ့ ဩဂုတ် ၁ ရက်တွင် ထုတ်ပြန်သည်။

TNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က မိုးမိတ်မြို့ကို ဇွန်လ ၂၇ ရက်နေ့က စတင် တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်တွင် အပြီးသတ်သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ စကခ-၂၁ (မပခ)၊ ခမရ-၃၄၈၊ ခလရ (၂၂၃၊ ၂၇၆) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၃၁ ရက်နေ့တွင် TNLA မှ သိမ်းပိုက်ခဲ့သည်။

ယင်းအပြင် မိုးမိတ်မြို့နယ်က စစ်ကောင်စီ၏ ကင်းချောင်းစခန်း၊ ရွှေသာယာတပ်စခန်း၊ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်း၊ လယ်ကြီးစခန်း၊ သရက်တောစခန်း၊ မိုင်တိုင်(၆)တပ်စခန်း၊ ပလက်တီနန်၊ ဗိမာန်ကျောင်းနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ မိုးမိတ်တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၂၉)ကြိမ်၊ Y12 လေယာဥ် (၃၈)ကြိမ်၊ Y12 ဖြင့် လက်နက်ခဲယမ်းများ ကြဲချမှု (၁၄)ကြိမ်၊ လက်နက်ကြီးဖြင့် (၂၂၁) ကြိမ်၊ ပေါင် ၅၀၀ ဗုံး (၁)လုံး နှင့် အတွဲလိုက်ဒုံး (၁၈) လုံး အသုံးပြုတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝိဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၂၅၀)လက်၊ 120 MM (၁)လက်၊ 60 MM (၁၉)လက်၊ 81 MM (၉)လက်၊ ပွိူင်းဖိုက်(၃)လက်၊ RPG (၁၆)လက်၊ ဂျမ်းပါ (၂)စုံ၊ စိန်ပြောင်းနောက်ပွင့် (၂)လက်၊ လေယာဉ်ပစ်လက်နက် (၁)လက်၊ ပစ္စတို (၃)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများ သိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မိုးမိတ်ဒေသခံ (၃)ဦး သေဆုံးခဲ့ပြီး (၁၂) ဦး ဒဏ်ရာရ၊ စာသင်ကျောင်း (၂)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်ဆီးခြင်း နှင့် လူနေအိမ် (၅) လုံး မီးလောင်ပျက်စီးခဲ့သည်။

ဆက််စပ်သတင်းများ