Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
[fvplayer id=”52″]

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ ဖမ်းဆီးခံရထားကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဩဂုတ် ၅ နံနက်ပိုင်းက ဝန်ခံပြောဆိုသည်။ ရမခ ကျဆုံးသွားပြီကို စစ်ကောင်စီက ဝန်မခံရဲသေးပေ။

ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် အထိ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် အဆက် အသွယ်ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အဆက်အသွယ် မရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်ဖမ်းဆီးရရှိထားပြီး ၎င်းတို့၏ ဓာတ်ပုံများလည်း ထွက်ပေါ်လျက်ရှိနေသည်။

ဩဂုတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းမှစတင်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ပင်မကွပ်ကဲရေးဌာနနှင့်ရုံးများကို MNDAA တပ်များက သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် လက်နက်ချ အလင်းဝင်သူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀၀ ကျော်ရှိသွားပြီဟု သိရသည်။

ဆက််စပ်သတင်းများ