Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓါတ်ပုံ - NYTIMES

ယခုလ ဩဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မည့် ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီး အထိမ်းအမှတ်အဖြစ် တော်လှန်ရေးကတိကဝတ်ပြုရာတွင် ဗမာပြည်သူ့လွတ်လပ်ရေးတပ်တော် BPLA အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသည်အထိ တိုက်ပွဲဝင်သွားမည်ဟု တပ်မှူးတစ်ဖြစ်ဦးဖြစ်သည့် မောင်ဆောင်းခက ပြောသည်။

BPLA က ထုတ်ဝေနေစော “ဗမာသူပုန်” စာစဉ် ဩဂုတ်လထွက်တွင် တပ်မှူး မောင်ဆောင်းခက စစ်အာဏာရှင်များကို အမြစ်ဖြတ်ပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကတိကဝတ်ကို ပြုခဲ့ခြင်းဖြစ်သည်။

” ဒီမျိုးဆက်မှာ စစ်အာဏာရှင်ကို အပြီးတိုင်အမြစ်ဖြတ်ပြီး ဒီမိုကရေစီ၊ လူ့ရပိုင်ခွင့်နဲ့ လူမှုတရားမျှတမှုတို့ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းတဲ့အထိ လူထုနဲ့အတူ တော်လှန်ရေးအောင်ပွဲကို အရယူနိုင်အောင် ကျနော်တို့ BPLA ကလည်း ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုပါတယ်။ ” ဟု ပြောသည်။

ယခု ဩဂုတ်လ ကျရောက်သည့် ရှစ်လေးလုံးလူထုအရေးတော်ပုံမှာ ၃၆ နှစ်ပြည့်မြောက်ဖြစ်ပြီး တပါတီအာဏာရှင်စနစ် ပြုတ်ကျရေးကို ဦးတည်ပြီး အစပြုရာကနေ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ် ပပျောက်ရေးအထိ တိုက်ပွဲဝင်ခဲ့ကြသည့် လှုပ်ရှားမှုဖြစ်သည်။

ခေတ်အဆက်ဆက် အာဏာရှင်စနစ်ပေါင်းစုံ၏ ဖိနှိပ်ချုပ်ချယ်မှုများကို မြန်မာပြည်သူလူထုသည် အသက်၊ သွေးချွေးနှင့် ဘဝများရင်းပြီး အရေးတော်ပုံအဆက်ဆက်မှသည် ယနေ့အချိန်ထိ တော်လှန်နေရဆဲဖြစ်၍ ရှစ်လေးလုံး အရေးတော်ပုံကို မမေ့သင့်ကြောင်း BPLA တပ်မှူး မောင်ဆောင်းခက ဆိုသည်။

” ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံမှ ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ အစိုးရဝန်ထမ်းနဲ့ လက်လုပ်လက်စားတွေ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ လူတန်းစားအလွှာပေါင်းစုံက အတူတိုက်ပွဲဝင်ခဲ့ကြတဲ့ ရှစ်လေးလုံးအရေးတော်ပုံကို မမေ့မလျော့ အလေးအမြတ်ထားရမယ့် သမိုင်းစာမျက်နှာတစ်ခုဖြစ်ပါတယ်။ ” ဟု ပြောသည်။

တော်လှန်ရေးအဆက်ဆက်၊ လူထုအရေးတော်ပုံများ အဆက်ဆက်ကနေ တိုက်ပွဲဝင်စိတ်ဓာတ်ကို လက်ဆင့်ကမ်းလာခဲ့ပြီး သင်ခန်းစာယူစရာရှိသည်များကို သင်ခန်းစာယူရမည်ဟု မောင်ဆောင်းခက တိုက်တွန်းထားသည်။

ဆက််စပ်သတင်းများ