Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည်မှာ တကျော့ပြန်စစ်ပွဲနှင့်အတူ စစ်ကောင်စီက ဖန်တီးနေသော လူမျိုးရေး၊ ဘာသာရေး အသွင်းဆောင် ပဋိပက္ခများနှင့် သွေးထိုးလှုံ့ဆော်မှုများမှာ ပိုမိုကျယ်ပြန့်လာကြောင်း သိရသည်။

ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေဒေသတို့တွင် မွတ်ဆလင်အကြမ်းဖက်များနှင့် မွတ်ဆလင်အကြမ်းဖက်အုပ်စုများအား စစ်ကောင်စီက လက်နက်တပ်ဆင်ပြီးနောက် ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဝါဒများ ဆိုးရွာလာနေ၍ ခေါင်းမထောင်လာနိုင်ရန် အာရက္ခတပ်တော် AA က ချေမှုန်းတိုက်ခိုက်သွားမည်ဟု ထုတ်ပြန်သည်။

မူဆလင်အကြမ်းဖက်သမားအုပ်စုများ၊ စစ်ကောင်စီသင်တန်းဆင်း လက်နက်ကိုင်မူဆလင်များနှင့် မူဆလင်ရာဇဝတ်လူဆိုးဂိုဏ်းအချို့၏ အကြမ်းဖက်အန္တရာယ်သည် ယခုအချိန်တွင် ဘူးသီးတောင်၊ မောင်တော ဒေသရှိ လူနည်းစုသော မျိုးနွယ်စုများအပြင် ၎င်းဒေသနေ ဒေသခံပြည်သူလူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်လျက်ရှိနေကြောင်း AA က ပြောသည်။

“မောင်တောဒေသအတွင်းရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းနေရာများအားလုံးကို အပြီးသတ်သိမ်းပိုက်ရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည့်အပြင် ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဝါဒများ ခေါင်းမထောင်လာနိုင်ရန်အတွက်လည်း အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့တိုင်းကို ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း” ဟု အသိပေးထုတ်ပြန်ထားသည်။

အာရက္ခပြည်သူတစ်ရပ်လုံးတို့အား လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး ထောင်ချောက်များထဲသို့ သက်ဆင်းသွား စေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် စစ်ကောင်စီက ပြုလုပ်နေသည်ဟု ရှုမြင်သုံးသပ်ကြောင်း AA က ပြောသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အနေဖြင့် အာရက္ခဒေသနေ ပြည်သူ တစ်ရပ်လုံး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအဝဝကို အပြည့်အဝ ကာကွယ်ပေးနိုင်ရန်အတွက် ဒေသခံပြည်သူလူထုများနှင့် ပူးပေါင်းပြီး ထိရောက်သော လုံခြုံရေးဆိုင်ရာ ကာကွယ်မှုမျိုးကို တုံ့ပြန်လုပ်ဆောင် သွားမည်ဟု သိရသည်။

ဆက််စပ်သတင်းများ