Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - AA သိမ်းထားသော မောင်တောမြို့နယ်က တပ်စခန်းတစ်ခု။ (ဓါတ်ပုံ - AA)

(ထိုးစစ်ကို ဆက်လက် အရှိန်မြှင့်နေ)

ဘူးသီးတောင်မြို့နယ်က စစ်ကောင်စီ တပ်စခန်းများအားလုံး တစ်ခုမကျန် သိမ်းပိုက်ထားပြီးဖြစ်သော်လည်း မောင်တောမြို့တွင် စစ်စခန်း ၂ ခုသာ ကျန်ရှိတော့ကြောင်း အာရက္ခတပ်တော် AA က ယနေ့ ထုတ်ပြန်ထားသည်။

နယ်ခြားစောင့်အမှတ် (၅) စခန်းနှင့် ခံစစ်အထပ်ထပ်ဖြင့် ခုခံနေသော မောင်တောမြို့တွင်း စခန်းများဟူ၍ စစ်စခန်း နှစ်ခုမျှသာ ကျန်ရှိတော့ကြောင်း AA က ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီသည် မောင်တောမြို့ခံများကို မြို့ထဲက ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းကာအဖြစ် ပြုလုပ်ထားပြီး မြို့တွင်းရှိ နေအိမ်များကို အခိုင်အမာ ခံစစ်စခန်းများအဖြစ် ပြုလုပ်၍ ခုခံစစ်ဆင်နွှဲရန် ပြင်ဆင်ထားကြောင်း ပြောသည်။

မောင်တောမြို့ရရှိရေး AA ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ လပေါင်းများစွာ ကြာမြှင့်နေပြီဖြစ်ပြီး လက်ရှိတွင် စခန်းနှစ်ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။

တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီသည် အကြမ်းဖက် မွတ်ဆလင်အဖွဲ့များနှင့်အတူ ပူးပေါင်း၍ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ကြရန် အားပေးအားမြှောက်ပြုလုပ်လျှက်ရှိကြောင်းနှင့် ရခိုင်ဒေသအတွင်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားလာစေရန် တမင်တကာ လုပ်ဆောင်နေသည်ဟု AA က ဆိုသည်။

ထိုကြောင့် ရခိုင်ပြည်အတွင်း ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဝါဒများ ခေါင်းမထောင်လာနိုင်စေရန် အကြမ်းဖက်ဆောင်ရွက်သူများနှင့် အကြမ်းဖက်အဖွဲ့အစည်းများအား ချေမှုန်းတိုက်ခိုက်သွားမည်ဟု AA က ထပ်မံ သတိပေးပြောကြားထားသည်။

မူဆလင်အကြမ်းဖက်သမားအုပ်စုများ၊ စစ်ကောင်စီသင်တန်းဆင်း လက်နက်ကိုင်မူဆလင်များနှင့် မူဆလင်ရာဇဝတ်လူဆိုးဂိုဏ်းအချို့၏ အကြမ်းဖက်အန္တရာယ်သည် ယခုအချိန်တွင် ဘူးသီးတောင်၊ မောင်တော ဒေသရှိ လူနည်းစုသော မျိုးနွယ်စုများအပြင် ၎င်းဒေသနေ ဒေသခံပြည်သူလူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်လျက်ရှိနေကြောင်း သိရသည်။

ဆက််စပ်သတင်းများ