Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာဏာသိမ်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးထားသော အကျဉ်းသား ၃၇၂ ဦးကို အာရက္ခတပ်တော် AA က ကယ်ထုတ်ပေးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

အကျဉ်းသားများထဲတွင် ရာဇဝတ်မှုကျူးလွန်ထားသူများပါသလို စစ်ကောင်စီက မတရား ဖမ်းဆီးချုပ်နှောင် ထောင်ချထားသော နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်ပြီး ၎င်းတို့ကို မိသားစုနှင့် နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း AA က ပြောသည်။

သံတွဲအကျဉ်းထောင်ထဲမှ အကျဉ်းသား စုစုပေါင်း (၃၇၂) ဦးအနက် (၇) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးစထိမှန်ပြီး (၅) ဦးသေဆုံးခဲ့ကာ ကျန် (၂) ဦးသည်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေစဉ်မှာပင် သေဆုံးသွားခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား (၄၃) ဦးပါဝင်ပြီး ထိုအထဲမှ (၂) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း အသက်ဆုံးရှုံးသွားခဲ့ရသည်။

ကျန်နိုင်ငံရေးအကျဉ်းသား (၄၁) ဦးထဲတွင် ရောဂါ၊ ဒဏ်ရာဖြင့်ပါလာသူများနှင့် ကျန်းမာရေးစောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေသောသူ (၁၇) ဦးတို့ကို ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်ဟု ဆိုသည်။

ဆက််စပ်သတင်းများ