Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

သီပေါမြို့နယ်တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများ နေ့စဥ်ပစ်ခတ်မှုကြောင့် ၅ ရက်အတွင်း အရပ်သား ၁၁ ဦးသေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအောင်းတပ် TNLA က ယနေ့ ထုတ်ပြန်သည်။

သြဂုတ်လ ၉ ရက်မှ ၁၃ ရက်နေ့အတွင်း သီပေါမြို့နယ်ရှိ ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံကျေးရွာနှင့် နမ့်ပေါ့ချောင်းသို့ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်ခဲ့၍ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၄ ဦး သေဆုံးသွားခဲ့ရသည်။

ထိုလေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သီလရှင် ၁ ပါးနှင့် ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ဆိုသည်။

သီပေါဒေသခံပြည်သူများမှာလည်း ကျောက်မဲမြို့၊ နမ့်လန်၊ ပန်လုံဘက်သို့ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မြောက်ပိုင်းညီနောင် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း (ရမခ) အပါအဝင် မြို့များစွန့်လွှတ်ခဲ့ရသည်။

စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် ရှုံးမဲမဲကာ ပြည်သူလူထုအား ဦးတည်၍ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း TNLA ကပြောသည်။

ဆက််စပ်သတင်းများ