Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - မောင်တောမြို့ မကျည်းချောင်းနယ်ခြားစောင့်တပ်စခန်းကို AA က ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ခဲ့သည်။ (ဓါတ်ပုံ - AA)

ရခိုင်ပြည် မောင်တောမြို့ မြောက်ဘက်ရှိ စစ်ကောင်စီ၏ ဟော်ရီတူလာရွာ တပ်စခန်းနှင့် တောင်ဘက်ရှိ မောင်နီရွာရဲစခန်း၊ ၃ မိုင်တပ်စခန်းတို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီး လက်ရှိတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြသည်။

မောင်တောမြို့အနီးအနားက စစ်ကောင်စီတပ်စခန်းများနှင့် ဌာနချုပ်အချို့ကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့သိမ်းတိုက်ပွဲအား ဩဂုတ်လ ၄ ရက်နေ့တွင် AA က စတင်ခဲ့သည်။

ဩဂုတ်လ ၄ ရက်နေ့တွင်ပင် မောင်နီရွာရဲစခန်းအား သိမ်းပိုက်နိုင်ခဲ့ကာ ဩဂုတ်လ ၆ ရက်တွင် ဟော်ရီတူလာတပ်စခန်းနှင့် ဩဂုတ်လ ၉ ရက်နေ့တွင် မောင်တော ၃ မိုင်တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ဆိုသည်။

မောင်တောမြို့ကို နေရာအနှံ့မှ ဝန်းရံပိတ်ဆို့ပြီး မြို့တွင်းထိုးစစ်ဆင်တိုက်ခိုက်မှုအား AA က အရှိန်အဟုန်မြှင့် ပြုလုပ်ခဲ့မှုကြောင့် သြဂုတ် ၄ ရက်နေ့မှစ၍ မြို့တွင်းတိုက်ပွဲများမှာ ပိုမိုပြင်းထန်လာကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် မောင်တောမြို့ မကျစေရန် ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ပြင်းပြင်းထန်ထန် ခုခံနေသည့်အပြင် မောင်တောမြို့ထဲတွင် ရပ်ကွက်အလိုက် အဆင့်ဆင့် ခံစစ်ပြင်ဆင်ကာ AA ထိုးစစ်အား တိုက်ခိုက်နေသည်။

မောင်တောမြို့ထဲက ရပ်ကွက် (၁)၊ ရပ်ကွက် (၂)၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)နှင့် ကညင်တန်း ရပ်ကွက်တို့က စစ်ရေးအရ အရေးပါပြီး အချက်အချာကျသော အထပ်မြင့် အဆောက်အအုံများ၊ တိုက်တာအိုးအိမ်များ၊ စာသင်ကျောင်းများ အပါအဝင် အခြားသော နေရာများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်စခန်းများအဖြစ်အသုံးပြုပြီး ခုခံစစ်ကို ဆင်နွှဲလျက်ရှိသည်ဟု AA ပြောသည်။

မောင်တောမြို့ထဲက စစ်ကောင်စီတပ်စခန်းများကို တစ်ခုပြီးတစ်ခု လိုက်လံရှင်းလင်းနေစဉ် ဩဂုတ် ၁၅ ရက် ညနေက အမှတ် (၂) ရပ်ကွက်၊ အထက (၂) ကျောင်းအနီး လူနေအိမ်၌ စခန်းချထားသော စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ဝင်များနှင့် AA တို့ကြား မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲ နှစ်ဖက်ပစ်ခတ်မှုကြောင့် မွတ်ဆလင်လက်နက်ကိုင် တပ်စွဲနေရာယူခဲ့သော လူနေအိမ်မှာ ပျက်စီးသွားပြီး မွတ်ဆလင်လက်နက်ကိုင်များကလည်း မထွက်ပြေးမီ ယင်းအိမ်အား မီးရှို့သွားသည်ဟု AA ထုတ်ပြန်ပြောဆိုထားသည်။

ဆက််စပ်သတင်းများ