Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(ဓါတ်ပုံသတင်း)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကွင်း ၅၀၀ မှာ အခြေပြုလှုပ်ရှားသော စစ်ကောင်စီတပ်စခန်း (ကွင်း ၅၀၀ တပ်စခန်း) ကို ဩဂုတ်လ ၂၅ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်ဟု မန္တလေး PDF က ယနေ့ ထုတ်ပြန်ထားသည်။

ကွင်း ၅၀၀ တပ်စခန်းကို ဗိုလ်မှူးချုပ် စိုးကျော်ထိုက်ဦးစီးပြီး စစ်ကောင်စီ တပ်သားအင်အား ၄၀၀ ခန့်ရှိကြောင်းနှင့် မန္တလေး PDF က ဩဂုတ်လ ၅ ရက်နေ့မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ကွင်း ၅၀၀ စခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းအများအပြားနှင့် သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့ပြီး မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီ၏ ဗျူဟာမြောက်တပ်စခန်းများ အပါအဝင် စခန်းငယ်များအားလုံးမှာလည်း ကင်းစင်သွားပြီဟု သတင်းထုတ်ပြန်ထားသည်။

ဆက််စပ်သတင်းများ