Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းဒေသ နောင်ချိုမြို့နယ်က စစ်ကောင်စီ၏ အမတ ၄၀၆ နှင့် အမတ ၂၀၆ တို့ကို ဩဂုတ်လ ၂၈ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း တအောင်းတပ် TNLA က ဩဂုတ် ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တပ်စခန်းနှစ်ခုမှာ နောင်ချိုမြို့နယ်၏ တောင်ခမ်းကျေးရွာတွင်ရှိကြောင်း TNLA က ဆိုသည်။

ဆက်လက်ပြီး သြဂုတ်လ ၂၉ ရက်နေ့တွင်လည်း တောင်ခမ်းရွာရှိ စစ်ကောင်စီ (၉၀၂) တပ်စခန်း၊ ၃၄၅ တပ်စခန်းအနီးတဝိုက်နှင့် မကျီးရေရွာဘုန်းကြီးကျောင်းတို့တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသော တောင်ခမ်းရွာ၌ စစ်ကောင်စီ (၉၀၂) တပ်စခန်းတွင် စစ်ကောင်စီတပ်မှ Y12 ဖြင့် (၃)ကြိမ်၊ ဗုံး (၁၅၀) လုံး၊ တောင်ရွှေရွာတွင် Jet Fighter ဖြင့် (၁)ကြိမ်နှင့် သကြားစက်ရုံတွင် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက််စပ်သတင်းများ