Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးတွင် ယနေ့ မွန်းလွဲပိုင်းမှစတင်၍ စစ်တပ်နှင့် KIA၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲအပြင်းအထန် ဖြစ်နေပြီး ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောသည်။

ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်၍ ဖားကန့်မြို့မှ အင်အား ၁၀၀ ကျော်ဖြင့် ကျန်ဂပ်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KIA ၊ PDF ပူးပေါင်းတပ်များက ၀ိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန် ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ကူပေးနေပြီး လက်ရှိအချိန်တွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း KIA စစ်ရေးသတင်းမြစ်က ဆိုသည်။

“ဖားကန့်ကနေ ကျန်ဂပ်ဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကိုKIA PDF ပူးပေါင်း ပြီးပိတ်ဆို့တိုက် ခိုက်နေတယ်။ အခု ဖားကန့်မြို့နယ်၊ ထုံးဘို ရပ်ကွက်၊ ကျန်ဂပ်ရပ်ကွက်၊ စည်ပင် ရပ်ကွက်၊ ပြည်သူတွေ ကို KIA PDF က ရှောင်ခိုင်းလို့ အားလုံး ရှောင်ကုန်ကြပြီ။ ဖားကန့်ဗျူဟာကုန်းကနေ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ကူနေတယ်။ တိုက်ပွဲကတော့ အရမ်း ပြင်းထန်နေတယ်” ဟု ပြောသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီကင်းစင်ရန် တပ်စခန်း ၇ ခု ကျန်ရှိနေသေးပြီး နယ်မြေစိုးမိုးမှုကို KIA က ရယူထားနိုင်ပြီဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ၏ အဓိက တပ်စခန်း ၇ ခုမှာ ကံစည်းဗျူဟာကုန်း၊ အောင် ဘာလေတပ်စခန်း၊ မဇွပ်ယန်ထောင် တပ်စခန်း၊ လယ်ပြင်ယမ်းချက်၊ ဆိုင်းတောင်ရဲစခန်းကုန်း၊ ဖားကန့်ဗျူဟာကုန်း ၊ ဖားကန့်ရဲစခန်းတို့ ဖြစ်သည်။

(ရန်ကုန်ခေတ်သစ်မီဒီယာသည် Western News ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည်)

ဆက််စပ်သတင်းများ