Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ ညက စစ်ကောင်စီ ဗုံးကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် စစ်သုံ့ပန်းများကို အာရက္ခတပ်တော် AA က ဆေးကုသပေးနေစဉ်။ (ဓါတ်ပုံ - AA)

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား ခေတ္တထိန်းသိမ်းထားသည့် လေးမိုင် နခခ-၂ တပ်စခန်းကို အာဏာသိမ်း စစ်ကောင်စီက စက်တင်ဘာလ ၉ ရက် ည ၉ နာရီခွဲတွင် ဂျက်ဖိုက်တာဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ AA ၏ အကျဉ်းစခန်း နခခ-၂ တပ်စခန်းမှာ တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသတင်းပေးများနှင့် အကျဉ်းသားများအား ထိန်းသိမ်းထားသည့် စခန်းဖြစ်သည်။

စစ်ကောင်စီ ဗုံးကြောင့် နေရာ၌ စစ်သုံ့ပန်း ၅၀ ကျော် သေဆုံးသွားပြီး အများအပြား ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြပြီး ဒဏ်ရာရသူများအားလုံးကို အာရက္ခတပ်တော် AA က ဆေးကုသပေးနေကြောင်း သိရသည်။

မောင်တောမြို့သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်လျှက်ရှိနေပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ သင်တန်းဆင်း မွတ်ဆလင်များက အာရက္ခတပ်တော် AA ကို တိုက်ခိုက်နေကြောင်း သိရသည်။

1 Comment

  • Zaproxy dolore alias impedit expedita quisquam.

Comments are closed.

ဆက်စပ်သတင်းများ