Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ပုဏ္ဏားကျွန်းမြို့အဝင် ကားလမ်းမပေါ်မှာ တွေ့ရသော စစ်ရှောင်များ။ (ဓါတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်း)

ရခိုင်ပြည်မှာ လက်နက်ကိုင်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ဒုက္ခသည် ၆ သိန်းကျော်ရှိပြီး လက်ရှိတွင် ဒုက္ခသည်များမှာ အငတ်ဘေးဖြင့် ရင်ဆိုင်ကြုံတွေ့နေကြောင်း စစ်ရှောင်များက ပြောဆိုကြသည်။

စစ်တွေမြို့နယ်က စစ်ကောင်စီ နှင်ထုတ်ခဲ့သည့် ပလ္လင်ပြင်၊ အောင်တိုင်၊ ဝါဘိုနှင့် အမြင့်ကျွန်းအပါအဝင် တခြားကျေးရွာ အများအပြားက ဒေသခံများမှာ စစ်ရှောင်နေပြီး စားဝတ်နေရေး အလွန်ခက်ခဲနေသည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့က ဒေသခံပြည်သူများမှာ အလုံးစုံ မြို့ထဲသို့ ဝင်ရောက်နိုင်ခြင်းမရှိဘဲ ကျွဲထိုး၊ သလူမော်၊ ခမောင်းတော၊ အောင်ဇေယျနှင့် တခြားကျေးရွာအချို့တွင် စစ်ရှောင်နေကြပြီး စားနပ်ရိက္ခာ ပြတ်တောက်နေပြီဟု ရွာသားများက ပြောသည်။

ပေါက်တောမြို့နယ်တွင်လည်း တောင်ဦးမော်၊ သဲခုံ၊ ကြိမ်ခွေမော်အပါအဝင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ဂွမြို့နယ်တို့တွင် စားနပ်ရိက္ခာပြတ်တောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ မခံယူရဟု ဒေသခံများက ပြောဆိုကြသည်။

အငတ်ဘေးဖြင့် ကြုံနေရသည့်အကြောင်းကို ပေါက်တောမြို့နယ် သဲခုံကျေးရွာဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့ စစ်ရှောင်နေတဲ့ နေရာမှာဆို အိမ်ထောင်စုပေါင်း ၄၀၀ ကျော်လောက်ရှိတယ်။ စားရေးသောက်ရေး အဆင်မပြေဘူး။ ငတ်တဲ့သူတွေ များလာတယ်။ ဘာထောက်အပံ့မရဘူး။ စစ်ဘေးရှောင်ရတဲ့ ကာလကလည်း ရှည်လာတယ်။ တော်တော် ဒုက္ခရောက်နေကြပြီ” ဟု ဆိုသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်များမှာလည်း တောင်းရမ်းစားသောက်ရသည့်အဆင့်အထိ အငတ်ဘေးဖြင့် ကြုံနေရသည်ဟု စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသည့် လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေထဲမှာ တောင်းရမ်းစားသောက်လာကြသူတွေ တစ်စတစ်စ များလာတာမျိုးတွေ့လာရပါတယ်။ စစ်ဘေးရှောင်တွေအတွက် တတ်နိုင်သလောက်ကူညီမှုတွေ လုပ်ပေးနေပေမယ့် အားလုံး အကူညီပေးနိုင်တဲ့အတိုင်းအတာက နည်းနေသေးတော့ သူတို့အတွက် ထောက်ပံ့ကူညီမှုတွေ ထပ်လိုအပ်နေပါသေးတယ်” ဟု ပြောသည်။

ရခိုင်ဒေသတွင် ဒုတိယအကြိမ်မြောက် တကျော့ပြန်တိုက်ပွဲ စတင်ပြီးနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနေကြသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများမှာ ပြတ်တောက်သွားခြင်းကြောင့် စစ်ရှောင်များမှာ ရပ်တည်ရေး ခက်ခဲနေကြခြင်းဖြစ်သည်။

ရခိုင်မှာ ၁၇ မြို့နယ်ရှိသည့်အနက် ၇ မြို့နယ်က ဒေသခံပြည်သူများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး စစ်ရှောင်ကာလ ၁၀ လအထိ ရှည်လာကာ အမိုးအကာမလုံခြုံသည့် နေရာများတွင် နေထိုင်ရခြင်းနှင့် စားနပ်ရိက္ခာပြတ်လပ်နေကြသည်။

1 Comment

  • Zaproxy dolore alias impedit expedita quisquam.

Comments are closed.

ဆက််စပ်သတင်းများ