Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
(ပုံ - Nyan Lynn Thit Analytica)

၂၀၂၄ ခုနှစ်၊ ဒုတိယ (၃) လတာအတွင်း လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီအကြား တိုက်ပွဲဖော်ဆောင်မှုသည် စုစုပေါင်း ၁၇၄၁ အကြိမ်ရေထိရှိခဲ့ပြီး ရှမ်း (အရှေ့) ဒေသတွင်သာ တိုက်ပွဲ (လုံးဝ) ဖြစ်ပွားခြင်းမရှိခဲ့သည်ကို တွေ့ရှိရသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် မြို့ပေါင်း (၁၀) မြို့ကို ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်းနှင့် ရခိုင်စစ်မျက်နှာများတွင် သိမ်းယူနိုင်ခဲ့သည်။

ထို့ပြင် စစ်ရေးလှုပ်ရှားမှုအများဆုံး ဒေသ (၄) ခုမှာ စစ်ကိုင်း၊ ရခိုင်၊ ကချင်နှင့် မန္တလေးဒေသများဖြစ်ပြီး မန္တလေးဒေသတွင်မူ ၁၀၂၇ စစ်ဆင်ရေး (အပိုင်း-၂) နှင့်အတူ ရှမ်း-မန်းစစ်ဆင်ရေးကို စစ်ရှိန်မြှင့်လာခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားမှုနှုန်း မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများပြားလာခဲ့ပြီး ဒဏ်ရာရသူ အနည်းဆုံး ၁၂၄၆ ဦးနှင့် သေဆုံးသူ အနည်းဆုံး ၉၇၀ ဦးထိ ရှိလာခဲ့သည်။

အဆိုပါ ၃ လတာ ကာလအတွင်း ဖြစ်ပွားခဲ့သော စစ်ဆင်ရေးများ၊ တိုက်ပွဲဖော်ဆောင်မှုများနှင့် အရပ်သားထိခိုက်သေဆုံးမှုများကို အသေးစိတ်ကို ဖော်ပြပါပုံများတွင် လေ့လာကြည့်ရှုနိုင်သည်။

ဆက််စပ်သတင်းများ