Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors


(သတင်းတို)

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ဘေးရှောင်ခဲ့ရသော မိုးကုတ်မြို့နယ်ရှိ ကျေးရွာများအား ဆန်အိတ် ၅၀၀ နှင့် ငွေသား ကျပ်သိန်း ၁၅၀ မတည် လှူဒါန်းခဲ့ကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ စက်တင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်သည်။

မိုးကုတ်မြို့နယ်ရှိ အထက်ညောင်ကုန်းကျေးရွာ၊ အောက်ညောင်ကုန်းကျေးရွာ၊ ဖြူရောင်ကျေးရွာ၊ ကျောက်တလုံးကျေးရွာနှင့် လွယ်မွန်းကျေးရွာတို့မှ ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ အိတ်နှင့် ငွေသား ၅၀,၀၀၀ ကျပ်နှုန်းဖြင့် ပေးအပ်လှူဒါန်းခဲ့ကြောင်း ဆိုသည်။

ဆန်အိတ်များကို အမှန်တကယ်လိုအပ်လျက်ရှိသော ပြည်သူများထံ လှူဒါန်းပေးခဲ့ကြောင်း မန္တလေး PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) က ထုတ်ပြန်ထားသည်။

ဆက််စပ်သတင်းများ