Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(သတင်းတို)

ဇွန်လ ၃ ရက်နေ့က စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မတောကျေးရွာက မင်္ဂလာဆောင် ဗုံးကြဲခံရမှု ဖြစ်စဉ်တွင် ကလေးငယ်များအပါအဝင် သေဆုံးသူ ၁၉ ဦးရှိခဲ့ကြောင်း Myanmar Witness က အစီရင်ခံစာသစ်တစ်စောင် ယနေ့ စက်တင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်သည်။

မတောကျေးရွာက မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခဲ့သည်ဟု ဒေသခံများနှင့် ဒီမိုကရေစီအင်အားစုများက ပြောဆိုခဲ့ပြီး စစ်ကောင်စီက ငြင်းဆိုထားသော်လည်း Myanmar Witness က စစ်ကောင်စီက ကျူးလွန်ခြင်းဖြစ်သည်ဟု အတည်ပြုထားသည်။

ဗုံးကြဲခံရဖြစ်စဉ် ဖြစ်ဖြစ်ချင်းနှင့် ရက်ပိုင်းအတွင်းက သတင်းမီဒီယာများတွင် သေဆုံးသူ ၃၀ ဦးနှင့် ဒဏ်ရာရရှိသူ ၆၀ ဦးအထိ ရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့ကြသော်လည်း Myanmar Witness က ၁၉ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားသည်။

သို့သော်လည်း သေဆုံးသူများကို အသက်အရွယ်များနှင့် အမျိုးသား၊ အမျိုးသမီး ခွဲခြားထားခြင်းနှင့် ဒဏ်ရာရရှိသူ အရေအတွက်ကို Myanmar Witness က ဖော်ပြမထားပေ။

အဆိုပါ မင်္ဂလာဆောင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦး၏ မင်္ဂလာဆောင်ပွဲဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီက သတင်းရရှိ၍ ရည်ရွယ်ချက်ရှိရှိ ထမင်းစားချိန် လူစည်ကားနေစဉ်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ဆက််စပ်သတင်းများ