Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် နံနက် ၇ နာရီခွဲအချိန်က စစ်ကောင်စီ ဗုံးကြဲမှုကြောင့် နောင်ချိုမြို့ အပျက်အစီးမြင်ကွင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦး။ (ဓါတ်ပုံ - TNLA)

(ယနေ့လည်း ဗုံးလာကြဲ၍ အရပ်သားတစ်ဦး ဒဏ်ရာရ)

(သတင်းတို)

ရှမ်းမြောက်ဒေသ နောင်ချိုမြို့ကို အာဏာသိမ်း စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားပြည်သူများမှာ သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း အများအပြားရှိနေကြသည်။

ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင်လည်း စစ်ကောင်စီက Y-12 တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲတိုက်ခိုက်၍ အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း တအောင်းတပ် TNLA က ထုတ်ပြန်ထားသည်။

နောက်ချိုမြို့အတွင်းအထိ စစ်ကောင်စီက ဗုံးလာကြဲခြင်းဖြစ်ပြီး ညဈေးတန်း၊ မြို့မဈေးတန်းနှင့် ရပ်ကွက် ၄ ခုထက်မနည်းမှာ ဗုံးအများအပြား ကျရောက်ပေါက်ကွဲခဲ့သည်။

စစ်ကောင်စီ ဗုံးကြောင့် ထိခိုက်ဒဏ်ရာရရှိသူအပြင် ဈေးဆိုင်ခန်းများ၊ နေအိမ်များ ပျက်စီးသွားကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူကို ဆေးကုသပေးနေကြောင်း TNLA က ဆိုသည်။

နောင်ချိုမြို့မှာ စစ်ကောင်စီ ဗုံးကြဲခံရခြင်းနှင့် လက်နက်ကြီးများကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၅ ဦးထက်မနည်းသေဆုံးကာ ၁၀ ဦးထိခိုက်ဒဏ်ရာ ရရှိထားကြောင်းနှင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် နေအိမ် ၂၅ လုံး ထိခိုက်ပျက်စီးသွားပြီဟု သိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် တိုက်ပွဲတိုင်း စစ်ရှုံးနေ၍ တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ခြင်းထက် အရပ်သားပြည်သူများ၊ နေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း တော်လှန်ရေးအဖွဲ့အစည်းများက ပြောဆိုကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ