Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(သတင်းတို)

ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသော ရှမ်းမြောက်က လားရှိုးမြို့ကို အာဏာသိမ်း စစ်ကောင်စီက ဆက်တိုက် ဗုံးကြဲနေ၍ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အလဟသ ဖြစ်စေမည်ဟု MNDAA က စက်တင်ဘာလ ၂၂ ရက်တွင် သတိပေး ထုတ်ပြန်ထားသည်။

လားရှိုးမြို့ပေါ်က စာသင်ကျောင်း၊ လူနေရပ်ကွက်နှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို စက်တင်ဘာလ ၂၁ ရက် ည ၁၀ နာရီကျော်အချိန်က စစ်ကောင်စီ လေကြောင်း ဗုံးကြဲပစ်ခတ်မှု ပြုလုပ်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း လားရှိုးမြို့ ရပ်ကွက် ၁၂ က အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းရှေ့နှင့် စည်ပင်သာယာရုံး လမ်းမပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီ၏ ယခု ဗုံးကြဲတိုက်ခိုက်မှုသည် တရုတ်ကြိုးပမ်းမှုကြောင့် ငြိမ်းချမ်းရေးယူထားစဉ် ၄ ကြိမ်မြောက် ဗုံးကြဲတိုက်ခိုင်းဖြစ်ကြောင်း MNDAA က ဆိုသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုများသည် မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် အခြားအများပြည်သူဆိုင်ရာ အဆောက်အအုံများနှင့် လူနေရပ်ကွက်များကိုပါ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်သည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လျစ်လျူရှုပြီး လူ့အခွင့်အရေးကို နင်းချေသည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူမျိုးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေကြသူတို့၏ ကြိုးပမ်းမှုအားလုံးကို အလဟသဖြစ်စေမည်ဟု MNDAA က သတိပေး ထုတ်ပြန်ပြောဆိုထားခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ