Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည်ထဲက အကြမ်းဖက်မှုများအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းက အကြမ်းဖက်မှုများအားလုံး ချက်ချင်းရပ်တန့်ပေးရန် QUAD အဖွဲ့ဝင် နိုင်ငံ ၄ ခုက ကြီးလေးကြီးဖြစ်သည့် ဝန်ကြီးချုပ်၊ သမ္မတတို့က တောင်းဆိုကြသည်။

စက်တင်ဘာလ ၂၁ ရက်နေ့က အမေရိကန်ပြည်ထောင်စုတွင် QUAD အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးပြုလုပ်ခဲ့ကြပြီး ယင်းတွေ့မှုသို့ အမေရိကန်သမ္မတ ဘိုင်ဒင်၊ ဂျပန်ဝန်ကြီးချုပ်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ဩစတြေးလျ ဝန်ကြီးချုပ်တို့က တက်ရောက် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန်၊ လူသားချင်းစာနာထောက်မှု အကူအညီများအား ခွင့်ပြုရန်နှင့် တွေ့ဆုံဆွေးနွေးရေးမှတစ်ဆင့် ဒီမိုကရေစီလမ်းကြောင်းပြန်သွားရန် ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

မြန်မာ့အရေးအကျပ်အတည်းကို အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဖြင့် ဖြေရှင်းရေး၊ အာဆီယံအထူးသံတမန်၏ အခန်းကဏ္ဍကို ထောက်ခံကြောင်းလည်း တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် မတည်ငြိမ်မှုများက ဆိုက်ဘာရာဇ၀တ်မှု၊ တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများ တိုးမြင့်လာနေသည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုအကြမ်းဖက်မှများမှ တစ်ဆင့် ဒေသတွင်းမှာ ဆိုးရွားသော သက်ရောက်မှုများရှိနေကြောင်းနှင့် လေ ယာဉ်ဆီအပါအဝင် လက်နက်များအား တားဆီးရန် နိုင်ငံအားလုံးကို QUAD အဖွဲ့ဝင် နိုင်ငံများက မေတ္တာရပ်ခံထားသည်။

QUAD နိုင်ငံများအနေဖြင့် မြန်မာပြည်သူများဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ပြီး သက်ဆိုင်သူများအားလုံးနှင့် လက်တွေ့ကျကျ အပြုသဘောဆောင်သော နည်းလမ်းဖြင့် ဆက်လက်လက်တွဲရန် ကတိပြုကြောင်းဆိုသည်။

မြန်မာနိုင်ငံပြည်သူများ ဦးဆောင်သည့် လမ်းကြောင်းမှတစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲသော အဖြေကို ရှာဖွေကာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ရန် QUAD နိုင်ငံများက ကတိပြုထားကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ