Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် ည ၉ နာရီအချိန်က တောင်ကုတ်မြို့နယ် ရွာမ ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပျက်စီးသွားသော အဆောက်အဦးများ မြင်ကွင်း။ (ဓါတ်ပုံ - Western News/CJ)

ရခိုင်ပြည် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၈ ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့က ဝါတွင်း ဥပုသ်နေ့ဖြစ်ပြီး ကမ်းထောင်းကြီးမြို့ထဲက ဘုန်းတော်ကြီးကျောင်းနှင့် လူနေရပ်ကွက်များကို ဗုံး ၄ လုံးထက်မနည်း ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ကလေးငယ်မှာ အသက် ၁၀ နှစ်အရွယ် မရွှေဇင်ဝင်းဖြစ်ပြီး အသက် ၃၅ နှစ်ကျော်အရွယ် မောင်သန်းဌေးတို့မှာ နေရာ၌ သေဆုံးသွားကြသည်။

ကမ်းထောင်းကြီးဒေသခံတစ်ဦးက ” မနေ့က ညနေ ၃ နာရီခွဲကျော်လောက်မှာ စစ်ကောင်စီက ဗုံးလာကြဲတာ။ ပြီးတော့ မနေ့က ဥပုသ်နေ့လည်းဖြစ်တယ်။ ကလေးငယ်က တော်တော် သနားဖို့ ကောင်းပါတယ်။ ဗုံးစ လည်ပင်းကို ဖောက်ဝင်သွားပြီး သေသွားရရှာတာ။ သန်းဌေးမှာလည်း ခါးကို ဗုံးစဝင်သွားတာ။ ဒဏ်ရာရတဲ့သူ ၈ ဦးထက်မနည်းရှိတယ်” ဟု ပြောသည်။

ဒဏ်ရာရရှိသူများကို အရေးပေါ် ဆေးကုသမှုပေးထားကြောင်းနှင့် စိုးရိမ်ရသူများပါဝင်ကြောင်းနှင့် ဖုန်းဆက်သွယ်ရ ခက်ခဲနေ၍ ဒဏ်ရာရရှိသူများ၏ အမည်နှင့် အသက်ကို မသိရသေးပေ။

ထိုအပြင် ဒဏ်ရာပြင်းထန် ရရှိသူများကို ဆေးကုသရာတွင် ဆေးဝါးများ ပြတ်လပ်နေ၍ အရေးပေါ်ဆေးဝါးများ လိုအပ်နေပြီး ထိုခိုက်ဒဏ်ရာရသူများ အသက်အန္တရာယ် စိုးရိမ်းနေရကြောင်း ကူညီဆောင်ရွက်နေသသူများက ပြောသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် ရွာမကျေးရွာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၂ ဦးသေဆုံးခဲ့ရပြီး ကလေးအပါအဝင် ဒဏ်ရာရရှိသူ ၃ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ