Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အထူး သတိပေးချက်- နှလုံးရောဂါရှိသူများ၊ သွေးလန့်တတ်သူများ မကြည့်ရ။

ဓါတ်ပုံများကို တယ်လီဂရမ်တွင် ကြည့်ရန်- https://t.me/TheWesternNews/14660

ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခန့်က ရခိုင်ပြည် သံတွဲမြို့ပေါ်က အာဏာသိမ်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ၅ လုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူများ ဒါဇင်နှင့်ချီ သေဆုံးခဲ့သလို ၂၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်ရာ သံတွဲမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး သံတွဲမြို့တော်ခန်းမနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးရုံးအနီးကို ပေါင် ၅၀၀ ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သည်။

သေဆုံးသူများမှာ ရုပ်ပျက်ဆင်းပျက်ဖြင့် သေဆုံးခဲ့ရသလို ဒဏ်ရာရရှိသူများမှာလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပြီး ကြောက်မက်ဖွယ်ရာ မြင်ကွင်းများကို တွေ့ရသည်။

ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် သေဆုံးသူ ၁၄ ဦးထက်မနည်းရှိခဲ့သလို ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် ပြင်းထန်ဒဏ်ရာရရှိသူများ ၂၅ ဦးထက်မနည်း ရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ