Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာရက္ခတပ်တော် AA မှ ချင်းညီနောင် Chin Brotherhood အဖွဲ့ဝင်ဖြစ်သော ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- မတူပီ (တပ်မဟာ-၁) အား လက်နက်ခဲယမ်းများ ကူညီခဲ့ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။

အဆိုပါ လက်နက်ခဲယမ်းအချို့ကူညီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ အာရက္ခတပ်တော် တပ်မှူးများ ၊ မတူပီ-တပ်မဟာ-၁ မှ တပ်မှူးများ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့နှင့် AA တို့ အကြား အားကောင်းလာသည့် မဟာမိတ်ဆက်ဆံရေးများကို ဆက်လက်အားကောင်းစေရေးနှင့် စစ်ရေးပူးပေါင်းမှု ယခုထက်ပိုမိုအားကောင်းစေရေး နှစ်ဖက် တပ်မှူးများမှ ထည့်သွင်းပြောကြားခဲ့ကြသည်။

ချင်းပြည်အတွင်းရှိ ကောင်စီ ကင်းစင်ရေးတိုက်ပွဲတွင် အိမ်နီးနားချင်းမဟာမိတ်ပီသစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်ပေးခဲ့ခြင်းနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့ခြင်းတို့ အပေါ် ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ