Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓါတ်ပုံ - Pa-O National Army

ပအိုဝ်းအမျိုးသားတပ်မတော် PNA က အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အင်အား နှစ်သောင်းကျော်ပြုလုပ်ခဲ့ကြောင်း ယနေ့ စက်တင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်သည်။

အရေအတွက် မည်မျှကို စစ်သင်တန်းပေး၍ သင်တန်းအောင်ပွဲ ပြုလုပ်ခြင်းကို အသေးစိတ် ထုတ်ပြန်ခြင်းမရှိသော်လည်း စစ်အင်အား နှစ်ကျောင်ဖြင့် ပြုလုပ်ခဲ့သည်ဟု ဓါတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

အဆိုပါ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ကော်မတီ ဒုတိယ ဥက္ကဌ ဖြားပီတာထွန်းနိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဦးခွန်နေဝင်းထွန်းနှင့် ဖြားဗွာခမ်း၊ သူရိယခမ်း၊ စင်းသင်းကောင်ခယ် စသည့် အကြီးအကဲများက တက်ရောက် အမှားစကားပြောခဲ့ကြသည်။

ဩဂုတ်လ ၂၁ ရက်နေ့ကလည်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို အင်အား ၁၀,၀၀၀ ဖြင့် ပြုလုပ်ခဲ့ကြသည်။

ပအိုဝ်းအမျိုးသားတပ်မတော် PNA သည် အာဏာသိမ်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူထားပြီး မြန်မာစစ်တပ်၏ ပြည်သူ့စစ်အဖြစ် ရပ်တည်ကြောင်း သိရသည်။

PNA က မြန်မာစစ်တပ် လက်အောက်ခံတပ်အဖြစ် ပြည်သူ့စစ်အဖြစ် ရပ်တည်ခြင်းမဟုတ်ကြောင်းနှင့် ပအိုဝ်းပြည်သူများအတွက် ကာကွယ်ရေးတပ်တစ်ခုအဖြစ်သာ ရပ်တည်ထားကြောင်း ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ