Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၍ ထိခိုက်ပျက်စီးသွားသော ကောလင်းမြို့နယ်က ဒေသခံပြည်သူများ၏ နေအိမ်များ။

စစ်ကိုင်းတိုင်းဒေသ ကောလင်းမြို့နယ် ဥက္ကံကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူ ၇ ဦးသေဆုံးသွားပြီး ၄ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် နေ့လယ် ၁၂ နာရီခန့်က ဥက္ကံကျေးရွာ အရှေ့အိုင်ကြီး လမ်းခွဲနေရာကို စစ်ကောင်စီ ဗုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ကောလင်းခရိုင် အမှတ် ၂ တပ်ရင်းက ပြောသည်။

စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်းဆိုသည်။

ကောလင်းမြို့နယ် ဥက္ကံကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ လုံးဝမရှိသော ကျေးရွာဖြစ်ပြီး စစ်ကောင်စီက အရပ်သားများအပေါ် ဦးတည်ပစ်မှတ်ထားခြင်းသာ ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၉ ရက် ည ၁၁ နာရီကျော်အချိန်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကောလင်းမြို့နယ် အနောက်တောင်ဘက်ရှိ ရွာသစ်ကျေးရွာအနီးကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း အရပ်သား ၁ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြသည်။

အာဏာသိမ်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများမှာ အလွန်အမင်း စိုးရိမ်ထိလန့်နေကြပြီး အရပ်သားများပေါ် ဦးတည်ပစ်မှတ်ထားနေ၍ ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

(ရန်ကုန်ခေတ်သစ်မီဒီယာသည် Western News ၏ မိတ်ဖက်အဖွဲ့ဖြစ်သည်)

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ