Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့ ညက အီရန်ဘက်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်များ အစ္စရေးနိုင်ငံထဲ ဝင်လာသည့်မြင်ကွင်း။ (ဓါတ်ပုံ - Hazem Bader/AFP)

ဟစ်ဇ်ဘိုလာ၊ ဟားမတ်စ်နှင့် အီရန် အရာရှိများ သတ်ဖြတ်ခံရမှုများအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း အီရန်က ထုတ်ပြန်ထားသည်။

ယမန်နေ့ အောက်တိုဘာ ၁ ရက် ညတွင် အစ္စရေးနိုင်ငံထဲက တယ်လ်အဗီးမြို့ အပါအဝင် နေရာတချို့ကို အီရန် ဒုံးကျည် ရာနှင့်ချီ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပြောသည်။

အီရန်က ဒုံးကျည် ၂၀၀ နီးပါးအထိ ပစ်လွှတ်ခဲ့ပြီး အစ္စရေး ဒုံးကျည်ကာကွယ်ရေးနစ်က ကြားဖြတ်ကာကွယ်ခဲ့သော်လည်း ဂျေရုဆလင်နှင့် တယ်လ်အဗီးတို့တွင် ပေါက်ကွဲသံများ ကြားရသည်။

အီရန်ဘက်က တိုက်ခိုက်လာမည်ကို အစ္စရေးက ကြိုသိနေ၍ အရပ်သားများကို ဗုံးခိုကျင်းထဲ ရွှေ့ပြောင်းထားခဲ့ကြောင်းနှင့် ဒုံးကျည်များ မကျရောက်ရန် ကာကွယ်ခဲ့သော်လည်း အချို့သော ဒုံးကျည်များမှာ အစ္စရေးနိုင်ငံထဲ ကျရောက်ခဲ့သည်။

အီရန် ဒုံးကျည်များကို အစ္စရေးစစ်တပ်နှင့်အတူ အမေရိကန်ကလည်း ၎င်းတို့ သက်ဆိုင်ရာ စစ်တပ်က ကြားဖြတ်ကာကွယ်ပေးခဲ့ကြောင်း ပြောဆိုထားသည်။

သို့သော်လည်း ဒုံးကျည်အချို့ အစ္စရေးနိုင်ငံထဲ ကျရောက်ပေါက်ကွဲခြင်းကြောင့် လူ ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိသွားပြီး ဆေးရုံပို့ထားရကြောင်း အစ္စရေးစစ်တပ်က ပြောသည်။

အစ္စရေးကလည်း အီရန်ကို လက်တုံ့ပြန်သွားမည်ဟု အစ္စရေးတပ်က ကတိပြုထားသည်။

အီရန်နှင့် အစ္စရေးတို့ကြား အကြမ်းဖက်တိုက်ခိုက်မှု ပိုမိုမြင့်တက်လာနိုင်ကြောင်းနှင့် အရပ်သားပြည်သူများအပေါ် စိုးရိမ်မှု အလွန်မြင့်မားစေသည်ဟု နိုင်ငံတကာက ပြောဆိုဝေဖန်နေကြသည်။

အစ္စရေး စစ်တပ်သည် အီရန် အပါအဝင် ဟစ်ဇ်ဘိုလာ စစ်တပ်နှင့် ဟားမတ်စ် လက်နက်ကိုင်အဖွဲ့များကို တစ်ပြိုင်တည်း တိုက်ခိုက်နေရပြီး စက်တင်ဘာလ ၃၀ ရက်နေ့ကစ၍ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့အား ရှင်းလင်းရန် မြေပြင်တပ်ဖွဲ့များ စေလွှတ်ထားကြောင်း သိရသည်။

အီရန် ကျော့ထောက်နောက်ခံပြုထားသော ဟားမတ်စ် ခေါင်းဆောင်များ၊ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်များမှာ အစ္စရေး ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြပြီဖြစ်သည်။

Ref: Al Jazeera

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ