Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ ထိခိုက်ပျက်စီးသွားသော မြဝတီမြို့နယ် ဖလူးကျေးရွာက စာသင်ကျောင်း။ (ဓါတ်ပုံ - CJ)

(စာသင်ကျောင်း ပျက်စီးသွားပြီး ကလေးငယ်များ ထိခိုက်မှု မရှိခဲ့)

ကရင်ပြည် မြဝတီမြို့နယ် ဖလူးကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ စာသင်ကျောင်း ပျက်စီးသွားပြီး ကလေးငယ်များမှာ ထိခိုက်မှုမရှိခဲ့ကြောင်း KNU တပ်မဟာ ၆ သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီ စွယ်တော်ကုန်း အမြောက်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

” ပထမ လက်နက်ကြီးသံတွေ ထွက်ပေါ်လာလို့ ကျောင်းကို စောပိတ်ပြီး ကလေးတွေ၊ ဆရာ/ဆရာမတွေကို လွှတ်လိုက်တယ်။ မကြာဘူး စာသင်ကျောင်းကို လက်နက်ကြီးကျလာတာပဲ။ ကျောင်းကတော့ ပျက်စီးသွားပါတယ်။ ကလေးတွေ၊ ဆရာ/ဆရာမတွေက ထိခိုက်မှု မရှိခဲ့ဘူး။ ” ဟု သတင်းရင်းမြစ်က ဆိုသည်။

KNU နှင့် PDF တပ်ဖွဲ့များက စစ်ကောင်စီ စွယ်တော်ကုန်း စခန်းကို ဝိုင်းထားကြောင်း KNU တပ်မဟာ ၆ သတင်းရင်းမြစ်က ဆက်လက်ပြောသည်။

” တိုက်ပွဲမရှိဘဲနဲ့ ဖလူးကျေးရွာကို စစ်ကောင်စီက တမင်ပစ်ခတ်တာ။ တစ်ခုတော့ရှိတယ် ကျနော်တို့ တပ်တွေက စွယ်တော်ကုန်းကို ဝိုင်းထားတယ်။ ” ဟု ဆိုသည်။

မြဝတီမြို့နယ် လေးကေ့ကော်မြို့အနီးမှာ စစ်ကောင်စီတပ်နှင့် KNU, PDF များ တိုက်ပွဲပြင်းထန်နေကြပြီး စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းရံပိတ်ဆို့ထားကြောင်း သိရသည်။

KNU ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက မြို့ဝတီမြို့ကို ပြီးခဲ့သည့် လအနည်းငယ်က တစ်ပတ်ခန့်ကြာ သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာ၍ ပြည်သူများအား စာနာသောအားဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်ဆုတ်ပေးခဲ့သည်။

(ရန်ကုန်ခေတ်သစ်မီဒီယာသည် Western News ၏ မိတ်ဖက်အဖွဲ့ဖြစ်သည်)

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ