Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ဆော့လော်မြို့၏ မြင်ကွင်းတစ်ခု။

ကချင်ပြည်နယ် ဆော့လော်မြို့ကို စစ်ကောင်စီထံက ကချင်လွတ်လပ်ရေးတပ် KIA က သိမ်းပိုက်လိုက်ပြီဟု သတင်းရင်းမြစ်များက ပြောသည်။

ဆော့လော်မြို့ကို ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်က KIA ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး ဆော့လော်မြို့သည် မြေရှားသတ္တုထွက်သည့် မြို့တစ်မြို့လည်းဖြစ်သည်။

မြေရှားသတ္တုထွက်သည့် ဆော့လော်မြို့ကို သိမ်းပိုက်နိုင်ရန် KIA ပူးပေါင်းတပ်ဖွဲ့များသည် စက်တင်ဘာလ ၂၉ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆော့လော်မြို့သည် ကချင်အထူးဒေသ ၁ တွင် ပါဝင်ပြီး စစ်ကောင်စီ (မြန်မာစစ်တပ်) က ပြည်သူ့စစ်အဖွဲ့များဖြင့် ပူးပေါင်းအုပ်ချုပ်ထားသော မြို့လည်းဖြစ်သည်။

ဆော့လော်မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးပစ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ပန်းဝါဘက်သို့ စစ်မျက်နှာဦးတည်လာနိုင်ကြောင်းလည်း သိရသည်။

ကချင်တပ် KIA ၏ ထိုးစစ်တစ်နှစ်နီးပါးအတွင်း မြို့ ၁၂ မြို့၊ စစ်ကောင်စီတပ်စခန်း ၂၀၀ ကျော်နှင့် နယ်မြေ၊ လမ်းကြောင်းများစွာ သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။

တစ်နှစ်အတွင်း KIA သိမ်းပိုက်ထားသည့် မြို့များမှာ ဆော့လော်၊ ချီဖွေ၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး (၀ိုင်းမော်မြို့နယ်)၊ ဒေါ့ဖုန်းယန်(မိုးမောက်မြို့နယ်)၊ လွယ်ဂျယ်(မိုးမောက်မြို့နယ်)၊ ဆင်ဘို(မြစ်ကြီးနားမြို့နယ်)၊ မြို့လှ(ရွှေကူမြို့နယ်)မိုးမောက်၊ မံစီ၊ မဘိမ်း(ရှမ်းမြောက်) တို့ဖြစ်သည်။

1 Comment

  • Zaproxy dolore alias impedit expedita quisquam.

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ