ကရင်နီဒေသက ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု SSLRU ၏ အပတ်စဉ် ၃ တိုက်ခိုက်ရေး တန်းမြှင့် စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်ခဲ့ကြသည်။
SSLRU မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မဟာမိတ်တပ်ဖွဲ့ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက် စကားပြောခဲ့ကြသည်။
သင်တန်းသား ရဲဘော်များက သစ္စဓိဌာန် ရွက်ဆိုကြပြီး တာဝန်ရှိသူများက သင်တန်းသားများအပေါ် ဂုဏ်ပြုမှတ်တမ်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။