Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(ထပ်ပြီး လူအင်အား၊ လက်နက်အင်အား ဖြည့်မည်ဟုဆို)

ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့တွင် ကျရောက်သည့် ကမ်းခြေစောင့်တပ်ဖွဲ့ ၃ နှစ်မြောက် အခမ်းအနားမှာ ကမ်းခြေစောင့်တပ်ဖွဲ့ကို အင်အားဖြည့်သည့်အနေဖြင့် အမြန်သွားကင်းလှည့်ရေယာဉ်သစ် ၄ စီးကို စစ်ကောင်စီက ထပ်မံဖြည့်တင်းခဲ့သည်။

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယမန်နေ့တွင် ကင်းလှည့်ရေယာဉ် ၄ စီးကို တပ်တော်ဝင်စာရင်းသွားနိုင်ခဲ့သည်ဟု အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။

ကမ်းခြေစောင့်တပ်ဖွဲ့ကို ယခုထက် များစွာသော ရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာ၊ လူ့စွမ်းအားများကို တိုးချဲ့သွားရဦးမည်ဟု မင်းအောင်လှိုင်က ဆိုသည်။

စစ်ကောင်စီ၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် သဘာဝဘေးဒုက္ခကယ်ဆယ်ခြင်း၊ ပင်လယ်ပြင် အရေးပေါ်လိုအပ်ချိန်တွင် အကူအညီပေးခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပင်လယ်ရေကြောင်းဆိုင်ရာ တရားမဝင်လုပ်ငန်းများနှင့် နိုင်ငံတကာရေယာဉ်များအား စစ်ဆေးကြပ်မတ်ခြင်းတို့ကို လုပ်ရသည်ဟု သိရသည်။

ကမ်းခြေစောင့်တပ်ဖွဲ့ကို အင်အားဖြည့်ခဲ့သည့် ကင်းလှည့်ရေယာဉ်သစ် ၄ စီးမှာ ၄၈ မီတာ အမြန်သွားကင်းလှည့်ရေများဖြစ်ကြသည်။

ပင်လယ်ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွားနှင့် အဏ္ဏဝါ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးကင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ပင်မကမ်းခြေကမ်းရိုးတန်းမှ သီးသန့်စီးပွားရေးဇုန်အထိ ရေပြင်၊ ဝေဟင်နှစ်ရပ်လုံးမှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းရှိသည့် အရည်အချင်း ပြည့်ဝသော ကမ်းခြေစောင့်တပ်ဖွဲ့ ဖြစ်လာရမည် စစ်ကောင်စီက မှားကြားခဲ့သည်။

ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် နိုင်ငံတကာရေကြောင်း အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရာတွင် White Hull Diplomacy ကို ထိထိရောက်ရောက် ကျင့်သုံး လုပ်ဆောင်သွားရမည်ဟု ဆိုသည်။

အဖြူရောင် ကိုယ်ထည် သံခင်းတမန်ခင်း (White Hull Diplomacy) ဆိုသည်မှာ အဖြူရောင်ရေယာဉ်များကို အသုံးပြု တာဝန်ထမ်းဆောင်ကြသည့် ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် သံခင်းတမန်ခင်း ကဲ့သို့သော ငြိမ်းချမ်းစွာထိတွေ့ဆက်ဆံခြင်း၊ လူသားချင်းစာနာ အကူအညီပေးခြင်းနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် အတူတကွ ပူးပေါင်းဆက်ဆံဆောင် ရွက်ခြင်းတို့ကို ပြုလုပ်ရမည်ဟုလည်း အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ